အပိုင်း(၃၈)

Start from the beginning
                                    

" အချစ်ဆရာမကြီး ဒီတစ်ခါတော့လွဲသွားပြီ"

ထက်နှင်းဝေက ဆူနေတာကြောင့်
အတွဲကြားထဲဝင်ပြီး လျှာရှည်မိသည့် နန်းရတီမှာ
မျက်နှာလေးပင်ငယ်နေရသည်မှာ
အရင်လို လွှမ်းသုတ၏ စနောက်သည့်စကားကိုပင်
ပြန်လည်ရန်မတွေ့နိုင်တော့ချေ။

နန်းရတီက
ခုတင်ပေါ်တွင် ထိုင်နေသည့်
ရှန်ခွန်းနောင်ကိုကြည့်လိုက်ပြီးမှ

"ငါသွားပြောပေးရမလား ။
ငါမြှောက်ပေးလိုက်လို့ပါလို့.."

ရှန်ခွန်းနောင်ကတော့ .. မျက်နှာတည်တည်လေးဖြင့်
ရှိနေရင်းမှပင်..

"မလိုပါဘူး။ ဘာမှမဖြစ်ဘူး..။
နင့်အပြစ်မှမဟုတ်တာ.."

ဖြစ်သွားသည့် ပြဿနာက
ထင်သလိုမသေးငယ်လှ၊ ရှန်ခွန်းနောင်က
သူ့ Facebook နဲ့ messenger ကိုပါ deactivate
လုပ်ထားသည့်အပြင် သူ့ကိုကိုဆက်နေသည့်
ဖုန်းတွေကိုပါ မကိုင်ဘဲ နေနေခြင်းဖြစ်သည်။

နန်းရတီက သူ့ရဲ့ ဂုတ်ဝဲဆံပင်လေးတွေကို
လက်နဲ့ ထိုးဖွလိုက်မိ၏။

သူမှားတာ။ သူမှားတာ။
မွေးကတည်းကနေ အခုထိတောင်
ရည်းစားမထားဖူးဘဲ လျှာသွားရှည်တာ။

ကိုယ်ကိုယ်တိုင် ရွက်လွှင့်ခဲ့သည့်
သင်္ဘောလေးမို့ ကိုယ့်ပယောဂကြောင့်
ဒီလိုဖြစ်သည့်အခါ နန်းရတီမှာ ထိုင်ရမလို
ထရမလိုနဲ့ မျောက် မီးခဲ
ဖင်ခုထိုင်သလိုမျိုးခံစားနေရသည်။

ဒီလိုဖြစ်သွားတာကိုလည်း ရှန်ခွန်းနောင်ကမပြော။

ရှန်ခွန်းနောင် ရဲ့အမေ အန်တီလှခွန်းကြွယ်၏
မွေးနေ့ကို အိမ်မှာဆွမ်းကျွေး၍ သူတို့သူငယ်ချင်းတွေ အိမ်ကိုလာကြရာမှ စားကြသောက်ကြပြီး၍
ရှန်ခွန်းနောင်၏ အခန်းထဲတွင်
စကားပြောဖြစ်ကြသည့်အခါတွင်
Facebook acc deactivate လုပ်ထားရသည့်အကြောင်းအရင်းကို
မေး၍ သိလာရခြင်းဖြစ်သည်။

အရင်ကဆို ၂ ရက်ခန့် သူ့ကိုကိုက
စိတ်ဆိုးနေလျှင်ပင် မနေနိုင်သည့် ရှန်ခွန်းနောင်က
ဒီတစ်ခေါက် သူ့ဘက်ကစပြီး
အဆက်အသွယ်ဖြတ်ပြီး နေနေတာ
တစ်ပတ်ပင်ပြည့်တော့မည်ဖြစ်၍ တော်ရုံတန်ရုံ
စိတ်ကောက်နေတာတော့ ဟုတ်ပုံမရ။

RO ( ရို ) (Completed)Where stories live. Discover now