အခန်း ၁၄၇။သူမကိုတန်ဖိုးထားတယ်

शुरू से प्रारंभ करें:
                                    

ထို့နောက် သူ လှည့်ပြန်သွားသည်။

သူ ရှင်းဟယ်အခန်းထဲမှ ထွက်လာသည်ကိုမြင်သော် အပြင်ဖက်၌ စောင့်နေသော ထျန်းရှင်းက ပြုံးလိုက်သည်။ “မုပိုင်၊ ဒီလောက် မြန်မြန်နဲ့ ဆွေးနွေးလို့ပြီးသွားတာလား”

မုပိုင်က သူ့ကို ပြန်မဖြေချေ၊ သူမကို ကျော်ကာ ထွက်ပေါက်သို့ သွားလေသည်။

ထျန်းရှင်း သူ့နောက် အပြေးလိုက်သွား၏။ “မုပိုင်၊ ကျွန်မကို စောင့်ဦး…”

သူတို့၏ ခြေသံကို မကြားရတော့မှသာ မုပိုင် စဝင်လာကတည်းက နိုးနေသောရှကျီက အိပ်ရာဘေးနားမှ ထလာသည်။ “အစ်မ၊ အစ်မ မုပိုင်နဲ့ ဘာဆွေးနွေးချင် လို့လဲ”

သူ တကယ် သိချင်နေသည်။

သူ့ကို ပြန်ဖြေမရှိ၊ ရှင်းဟယ်က ပြန်မေးလိုက်သည်။ “ရှောင်းမော့ ဘယ်လိုနေသေးလဲ”

“အစ်ကိုရှောင်းကတော့ ကောင်းပါတယ်။ သူ စောနကတောင် အစ်မကို လာကြည့်သွားသေးတယ်။ ဒါပေမဲ့ လူတစ်ယောက်အတွက်ကတော့ အခြေအနေ မဟန်ဘူး” ရှကျီ မြူးတူးစွာ ပြုံးလိုက်သည်။ သူတစ်ပါး စိတ်မချမ်းသာနေရတာကို မပျော်သင့်ဟူ၍ ရှင်းဟယ်ကို သူ့ကို ဆူလိုက်လေသည်။

သို့သော် သူ ဘယ်သူ့ကို ရည်ရွယ်မှန်း ချက်ချင်းသိလိုက်သည်။ “နင် ရှဝူရွှမ်းကို ပြောနေတာလား”

“ဘယ်လိုလုပ် သိတာလဲ” ရှကျီ မျက်နှာ ညှိုးသွား၏။

“အစ်မ၊ အချိန်တိုင်း သူများရဲ့ အပျော်ကို မခိုးနဲ့လေဗျာ။ ပျော်စရာမကောင်းတော့ဘူး။ ဒီလို ပုံစံနဲ့ ရည်းစားဘယ်လို ရှာမလဲဗျာ”

ရှင်းဟယ် သူ့ကို လျစ်လျူရှုလိုက်ပြီး တိုက်ရိုက် မေးလိုက်သည်။ “ရှဝူရွှမ်း ဘာဖြစ်သွားလို့လဲ”

“သူမ…” ရှကျီ ဖြေလုဆဲဆဲတွင် ရဲနှစ်ယောက် အခန်းထဲသို့ ဝင်လာလေသည်။

သူတို့ ယဉ်ကျေးစွာ ပြောလာသည်။

“မစ္စရှ၊ ကျွန်တော်တို့ မေးခွန်းအချို့ မေးချင်လို့ပါ၊ အနားယူနေတာကို အနှောင့်အယှက်မဖြစ်ဘူးလို့ မျှော်လင့်မိပါတယ်”

ဝေးလွင့်ပြီးသော အတိတ်जहाँ कहानियाँ रहती हैं। अभी खोजें