9(မောင်)

Comincia dall'inizio
                                    

"အာ့ဆိုဘာလို့စိတ်မွန်းကျပ်အောင်ပြောရလဲ"

"Sooပြောတာကိုလက်ခံလိုက်ပါ
မင်းရင်ထဲကမကျေနပ်ချက်တွေကို
မေ့ဖျောက်ကြည့်လိုက်ပါလား
အဲ့ကျမင်းသူ့အပေါ် စွဲငြိနေတဲ့
စိတ်တချို့ကိုမြင်လာလိမ့်မယ်"

"Li သူ့ကိုဘယ်တော့မှချစ်လို့ရမှာမဟုတ်ဘူး"

"မင်းကိုသူကသိပ်ချစ်တာပါ"

"Sooရော Sooလည်းLiကိုချစ်တာပဲလေ"

"ဟုတ်ပါတယ် Sooလည်း မင်းကိုချစ်တယ်
အခုထိလည်းချစ်နေတုန်းပဲ ဒါပေမယ့်လည်း
မဖြစ်သင့်တော့ဘူးလေ မဟုတ်ဘူးလား"

"Sooကလည်းဗျာ Liကအခုလည်း
ပြန်စဖို့ပြောနေတာမှမဟုတ်တာ
အကျိုးအကြောင်းရှင်းပြပြီး
တောင်းပန်နေတာပါဗျာ"

"Sooသိပါတယ် Lisa
Sooကိုကြည့်ပါအုန်း"

သူမဘက်ကိုမလှည့်တဲ့ သူ့မျက်နှာလေးကို
မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလိုက်ရသည်

"Sooမျက်လုံးထဲမှာတွေ့လားဟင်
Lisaကိုချစ်တဲ့အချစ်တွေ.....
အဲ့လိုပဲ Jennieရဲ့မျက်ဝန်းထဲမှာလည်း
မင်းကိုချစ်တဲ့ အချစ်စိတ်တွေဆိုတာအပြည့်ပဲ"

"Sooဘာလို့Lisaလို့ပြောနေရတာလဲဟင်
ခုနကတောင် ကလေးလို့ခေါ်နေပြီးတော့"

"အဲ့တာလွတ်ခနဲထွက်သွားမိတာပါ
Sooမေ့သွားတာ မသက်ဆိုင်တော့ဘူးဆိုတာကိုပေါ့
အဲ့ဒိနာမ်စားကိုခေါ်ဖို့လည်းမလိုတော့ဘူးလေ"

Sooကအသည်းမာသားပဲ...
Liကသာယိမ်းယိုင်နေသေးတာ
Sooကတော့ခံနိုင်ရည်ရှိသေးသား

"SooကိုLiတစ်ခုတောင်းဆိုမယ်ရလား"

"ဘာလဲပြောကြည့်လေ"

"ရှေ့ဆက်ပြီး သူငယ်ချင်းတွေအဖြစ်
ဆက်ရှိသွားကြရအောင်"

"ရတယ်လေ တခုပဲ Jennieက
ကြိုက်မှာမဟုတ်ဘူး"

"အဲ့တာသူ့ကိစ္စ Liနဲ့မဆိုင်ဘူး"

ကလေးငယ်ရယ် Jennieဘယ်လောက်ထိ
အဆိပ်ပြင်းလဲ မင်းမသိလေသလား...

တို့တွေကရိုးရိုးသားသားခင်မင်နေရင်တောင်
သူ့ဘက်ကစိတ်လုံမှာမဟုတ်ဘူး

"မောင်"(JENLISA//LISOO)Dove le storie prendono vita. Scoprilo ora