< UNICODE >
" ဒါပဲ လာပြန်ပြီလား..ငါကတောင်းပန်တယ် ??.. ဘယ်သူ့ကိုလဲ "
ဆော့ဂျင်အသံကိုကြားရခြင်းဖြင့် ဒေါသထွက်နေပြီဆိုတာ ဂျောင်ကုသိလိုက်ချေပြီ။
" ဂျောင်ကုကိုလေ "
ထိုတော့မှာသာ ဆော့ဂျင်အကြည့်တွေမှာ မျက်လုံးတွေကစားလျက် ဂဏာမငြိမ်ဖြစ်နေသော ဂျောင်ကုဆီရောက်လာ၏။
" ငါမင်းကိုခေါ်လိုက်တာက မင်းတောင်းပန်တာကို လက်ခံတယ်လိုပြောမလို့ ပြီးတော့.... "
Bambam ဆက်မပြောဘဲ ဝိုင်းမှာထိုင်ကျန်နေခဲ့သော ဂျီမင်းနဲ့ဟိုဆော့အားကြည့်ကာ ပြုံးလိုက်ပြီးနောက် ဆော့ဂျင်အားပြန်ကြည့်၏။
" ငါတို့မင်းတို့ကို ထပ်ပြီးအနိုင်ကျင့်မနှောင့်ယှက်တော့ပါဘူးလို့ ငါကတိပေးပါတယ် မင်းဖြစ်ချင်တာတွေဖြစ်သွားပြီမို့ မင်းပျော်မယ်လို့လဲ ငါမျှော်လင့်တယ် ဆော့ဂျင် "
Bambam ထကာ ဆော့ဂျင်ရှေ့ လက်ကမ်းပေးလိုက်ပေမယ့် ဆော့ဂျင်ကတော့ ဂျောင်ကုအားကြည့်မြဲအတိုင်းသာ။ဂျောင်ကုမှာတော့ ဒိအခြေအနေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာသာ စဉ်းစားရခက်နေ၏။
" ဆော့ဂျင် "
Bambam ထပ်ခေါ်လိုက်မှ ဆော့ဂျင် လှည့်ကြည့်ကာ Bambam လက်အား အားနဲ့ရိုက်ချလိုက်သည်။
ဂျောင်ကုချက်ချင်းမတ်တပ်ထရပ်ကာ
" ဆော့ဂျင် !! "
အော်ခေါ်လာသော ဂျောင်ကုအား ဆော့ဂျင်ပြန်ကြည့်လိုက်သည်။
" ပြီးရင်ငါအကုန်ရှင်းပြမှာမို့ ရုတ်ရုတ်သဲသဲတွေမဖန်တီးဘဲ အေးဆေးထွက်သွားလိုက်တော့ "
ဆော့ဂျင်ကြားရုံလောက်သာ ဂျောင်ကုတိုးကပ်ပြောလိုက်တော့ ဆော့ဂျင်မျက်နှာထက် လှောင်ပြုံးတစ်ခုပေါ်လာ၏။
" အိုး မင်းက မင်းသူငယ်ချင်းကို ငါကခွင့်လွှတ်ပေးဖို့ ခခယယ တောင်းပန်ခဲ့ပါတယ်ဆိုပြီး လိမ်ခဲ့တယ်ပေါ့။ဒါပေမယ့် ဘယ်လိုလုပ်မလဲ အမှန်တရားက ငါမှမတောင်းပန်ခဲ့တာ။အခုလည်း ငါ့ကိုရုတ်ရုတ်သဲသဲတွေမလုပ်ဖို့မင်းပြောတယ် !!မင်းဘာတွေလာကစားနေပြန်တာလဲ ဟွန် !! အဲ့လိုတွေလုပ်နေတာ ငါလို့လာမပြောနဲ့ တကယ်တမ်းလုပ်နေတာ မင်းလေ။အစတည်းက ဒီလိုမျိုးတွေဖန်တီးနေတာ မင်းပဲ..son of a bitch !! "
YOU ARE READING
𝗣𝗹𝗲𝗮𝘀𝗲...𝗟𝗢𝗩𝗘 𝗠𝗲 || 𝗞𝗝 || [ 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐢𝐨𝐧 ]
FanfictionI LOVE him who HATEs me so much..💔 KIM Seokjin ♡ JEON Jungkook
![𝗣𝗹𝗲𝗮𝘀𝗲...𝗟𝗢𝗩𝗘 𝗠𝗲 || 𝗞𝗝 || [ 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐢𝐨𝐧 ]](https://img.wattpad.com/cover/306935178-64-k963140.jpg)