ယဲ့ထင်ကတော့ စိတ်လှုပ်တရှားနှင့် ရန်ကျားလိက သူ့ထံ တုံ့ပြန်ချက် ပေးလာမည်ကို စောင့်ဆိုင်းနေသည်။ ရန်ကျားလိ၏ မျက်လုံးများက ယဲ့ထင်၏ ခန္ဓာကိုယ်ထက် ခိုးခိုးပြီးတော့ ချောင်းကြည့်လိုက်ရာ ယဲ့ထင်က အောက်ပိုင်းတွင် အားကစား ချည်ဘောင်းဘီ ဝတ်ထားပြီး အပေါ်ပိုင်းတွင်ကား စွပ်ကျယ်နှင့် ရှေ့ဖုံးခါးစည်း တစ်ထည် ဆင်မြန်းထားလျက် ကျစ်လျစ်သန်မာသည့် ကြွက်သားများက ထိုအောက်တွင် မပေါ်တပေါ်နှင့် တစ်ဝက်တစ်ပျက် ခိုအောင်းနေသောကြောင့် စက္ကန့်ပိုင်းအတွင်း သူ့မျက်လုံးထဲတွင် မကောင်းသည့် အငွေ့အသက်များ ပေါ်လာတော့သည်။

ရန်ကျားလိက လက်ဆန့်၍ ယဲ့ထင်၏ ရင်အုပ်ကြွက်သားကို ပွတ်သပ်လိုက်ကာ ပါးစပ်သရမ်းစွာ စကားဆိုသည်။

(TN/ ဒီပါးစပ် သရမ်းတယ် ဆိုတာကလေ မိန်းကလေးတွေကို တွေ့ရင် ဘေးကနေ ဟိတ်ရွှတ်ရွှတ်နဲ့ အဲ့လိုမျိုး ပါးစပ်သရမ်းတယ် ဆိုတာမျိုးပေါ့။ ပြီးတော့ အဲ့နေရာမှာ သုံးထားတဲ့ တရုတ်စကားလုံးမှာ သွေးဆောင်ဖြားယောင်းတယ် ဆိုတဲ့အဓိပ္ပါယ်လည်း ရှိနေသေးတယ်။ ဘယ်တစ်ခုကို ​ဆိုလိုချင်တာလဲ မသေချာတော့ ပိုကိုက်ညီတဲ့ တစ်ခုကိုပဲ သုံးလိုက်တယ်)

"ရိုးရိုး အေပရွန်လေးက မင်းကိုယ်ပေါ် ဝတ်လိုက်တာနဲ့ ဘယ်လိုလုပ်ပြီးများ ဆက်စီကျတဲ့ ယူနီဖောင်း ဖြစ်သွားရတာပါလိမ့်။ မင်း ပြန်ဆန်းစစ်ကြည့်ပါဦး"

ယဲ့ထင်က ထိုသိုးခွာလေးကို ကြည့်လိုက်ရင်း လှောင်ပြောင်လာသည်။

"သိုးနှာဘူး"

ရန်ကျားလိက စိတ်ဆိုးမာန်ဆိုး ဖြစ်သွားပြီး

"ဘာလဲ၊ ငါကမင်းကို ကိုင်လို့တောင် မရတော့ဘူးလား။ မင်း ကိုယ့်ဘာသာကိုယ် ပြောကြည့်၊ ငါ့ကို ပေးကိုင်မှာလား ပေးမကိုင်ဘူးလား"

ယဲ့ထင်တစ်ယောက် နှုတ်ခမ်းတွန့်သွားပြီး ရန်ကျားလိလက်ကို ဖမ်းဆုပ်လျက် မိမိရင်ဘတ်ပေါ် တင်ပေးလိုက်ကာ ကူကယ်ရာမဲ့သလို အလိုကလည်း လိုက်နေသေးပြီး

"ကိုင်ကိုင်ကိုင်"

ရန်ကျားလိက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး နှစ်ကြိမ်မျှ ကောင်းကောင်းမွန်မွန် ပွတ်သပ်လိုက်သည်။ မိမိလောင်ကုန်း၏ အဆီအနှစ်များကို သုတ်ပြီးသွားပြီးနောက် နို့သာကူ သောက်လိုက်ပြန်ကာ ဖောဖောသီသီ ချီးကျူးတော့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now