37

15.6K 2.5K 173
                                    

{Unicode}

"သေခြင်းတရားရှေ့မှောက်ဝယ်"

ကားလေးက အမှောင်ထုကို အံတုပြီး လမ်းမထက် အရှိန်ပြင်းပြင်းနှင့် မောင်းနှင်းနေခဲ့သည်။

အလင်းရောင် မှိန်ပျပျသာရှိသော ကားလေးထဲတွင် လက်ထောက်က ဖုန်းအား ယဲ့ထင်ထံ ​ညင်ညင်သာသာ လှမ်းပေးလိုက်သည်။

သူမက တိုးလျသော လေသံနှင့်

"ဥက္ကဌယဲ့၊ ဆရာ.....ဒါကို ကြည့်ကြည့်ပါ"

ယဲ့ထင်က ထိုလင်းထိန်နေသည့် စခရင်မျက်နှာပြင်ကို ကြည့်နေရင်း ဝင်သက်ထွက်သက်ကအစ တုန်ရီသွားကာ လက်ဆန့်ပြီး လှမ်းယူလိုက်သည်။

စခရင်ပေါ်တွင် ပြသနေသည်က Weibo မှ ဗီဒီယိုတစ်ပုဒ်ဖြစ်သည်။ ထိုအောက်မှာတင် စာတစ်ကြောင်း ရေးထားသေးသည် ___ နောက်ဆုံးတော့ ချစ်စရာ ဝမ်ယန်လေးအစား လက်သီးနဲ့ထိုးပြီး လက်စားချေနိုင်ခဲ့ပြီ။ မကောင်းတဲ့လူကတော့ ကောင်းကင်ရဲ့ ဒဏ်ခတ်တာကို ပြန်ရလိုက်တာပါပဲ။ ညီအစ်မတို့ ဝင်လာပြီး ကြည့်လိုက်ကြပါဦး။ မြင်ကွင်းတွေက လုံးဝ လူကို လန်းဆန်းသွားစေမှာနော်!

ယဲ့ထင်က ဗီဒီယိုကို နှိပ်လိုက်သည်။

သူသည် ဗီဒီယိုထဲမှ အုန်းအုန်းကြွက်ကြွက် ဆူညံနေသော လူအုပ်ကြီး၏ အသံကို နားထောင်နေရင်း ကဗြောင်းကဆန်နှင့် အုတ်အော်သောင်းတင်း ဖြစ်နေသော မြင်ကွင်းကို ကြည့်နေသည်။

သူ၏ အကြည့်များက စခရင်၏ အလယ်ဗဟိုတွင်ရှိသော ထိုလူသား၏ တည်ရှိမှုလေး အပေါ်တွင်သာ အပြည့်အဝ အာရုံရောက်နေသည်။

သူ၏ ရန်ရန်ကို အပြစ်သားတစ်ယောက်သဖွယ် လူအုပ်ကြီးက ဝိုင်းရံထားကြပြီး ဆဲရေးခြင်း၊ လှောင်ပြောင်သရော်ခြင်းနှင့် ရယ်သွမ်းသွေးကြခြင်းတို့က ရေလှိုင်းလုံးကြီးသဖွယ် သူ့အပေါ် လွှမ်းမိုးတိုက်စားသွားကြလေ၏။ သူ၏ မျက်နှာပေါ်တွင် ကြက်ဥအနှစ်ရည်နှင့် သွေးစီးကြောင်းများ စွန်းကျန်နေခဲ့ပုံက သူ့အား အကျဥ်းတန်သော လူရွှင်တော်နှင့်ပင် ထပ်တူကျသွားစေသည်။ သူ့လက်လေးထဲတွင် ကိတ်မုန့် အပိုင်းအစလေးများကို ကိုင်ထားပြီး မျက်လုံးများကို အုပ်ထားရင်း ငိုကြွေးနေခဲ့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now