အပိုင်း(၂၀)

Start from the beginning
                                    

အက်စတယ်လာနှင့် ပါနေးရား ဘေးချင်းကပ် မတ်တပ်ရပ်ရင်း ဘယ်လိုဂါ၀န်မျိုးချုပ်သင့်ကြောင်း Chanelနှင့်ဆွေးနွေးလေသည်
Chanelရဲ့မျက်လုံးတွေက အက်စတယ်လာဆီမှာရှိနေပြီး ဒီဇိုင်းပုံကြမ်းဆွဲပြီးတာနဲ့ ဆက်သွယ်လိုက်မည်ဟုပြောလေသည်

Chanelက အမျိုးသမီးဇာတ်လိုက်ကို ခိုးပြေးချင်သလို အကြည့်နှင့် ကြည့်ရဲလေသည် ဒါပေမဲ့ အက်စတယ်လာ Chanelကို ပြောလိုက်သောစကားက ပါနေးရားကို ငြိမ်းချမ်းသွားသ‌လိုခံစားရလေသည်

"ဒါဆို ကျွန်မ မစ် Chateau နဲ့ လက်တွဲအလုပ်လုပ်ဖို့ မျှော်လင့်နေပါမယ်"
Chanel သူမရဲ့နာမည်ကိုပင် မမှတ်မိသော အက်စတယ်လာကြောင့် သတိလစ်မလို‌ဖြစ်နေခဲ့သည်

သူမလဲ အက်စတယ်လာပြောတဲ့အတိုင်း လက်တွေ‌ပိုက်ရင်း ပြောလိုက်သည်
"ဟုတ်တယ် မစ် Chateau ရှင့်ရဲ့အလုပ်ကြိုးစားမှုအတွက်ကျေးဇူးတင်ပါတယ်"

အမျိုးသမီးဇာတ်လိုက် သူ့မဘက်တွင်ရှိနေခြင်းက ပီတိဖြစ်စရာပင် ပြီးတော့ refreshလဲဖြစ်စေသည်
(Chanelအတွက် မျက်ရည်သုံးစက်🥲)
────── 〔〕──────

'ဟမ့် ငါအပြင်ရောက်နေတာ အတော်ကြာနေပြီ အိမ်ကိုပဲ အခုလိုပြန်သွားရမှာကတော့ ၀မ်းနည်းစရာပဲ ကဖေးဆိုင်လေးသွားပြီး စကားပြောရရင် ကောင်းမှာပဲ ဒါက သူငယ်ချင်းတွေနဲ့လျှောက်သွားပြီးအချိန်ကုန်ဖို့အတွက် အခြေခံနည်းလမ်းပဲ'
ဒါပေမဲ့ သူမ အက်စတယ်လာကို ကဖေးကို သွားပြီး သူမနဲ့ တူတူအချိန်ဖြုန်းပေးဖို့ မပြောရဲချေ
အက်စတယ်လာက သူတော်စင်လဲဖြစ်တဲ့အပြင် ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ တင်းကြပ်ထားတဲ့ ဘာသာရေးကိုင်းရှိုင်းသူလဲဖြစ်သည်

အထက်တန်းလွှာတွေဆီက ဒါမှမဟုတ် တော်၀င်မိသားစုက ဖိတ်ကြားတဲ့ပွဲတွေကို တတ်ရောက်ခြင်းက သူတော်စင်တယောက်အနေနဲ့ လိုအပ်တဲ့ ဆက်ဆံရေးတွေထိန်းသိမ်းဖို့သာဖြစ်သည်
ကဖေးလို အရေးမကြီးတဲ့နေရာမျိုးကို အက်စတယ်လာက သွားလိမ့်မည်မဟုတ်ပေ

'သူမတို့သွားခဲ့ရင်တောင်မှ အက်စတယ်လာက သကြားကဲ့သို့ ဈေးကြီးပစ္စည်းတွေနဲ့လုပ်ထားတဲ့ အချိုပွဲမျိုးကို စားမှာမဟုတ်ဘူး ဒါကြောင့် အတော်ခက်ခဲတာပဲ'

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now