"ကျွန်တော် သယ်ပေးလိုက်ပါ့မယ် အစ်မ "
"Jimin ဒါက"
အံသြရိပ်တွေနှင့် အဆောင်မှူးအစ်မက ကြည့်လာတော့ နားလည်ဟန်ခေါင်းငြိမ့်ပြလာတဲ့ သူကြောင့် သက်ပြင်း ခပ်ဖွဖွချကာ ထိုအစ်မက မည်သည့်စကားမှ ဝင်မဆိုတော့
အပေါ်စီးက ကြည့်နေတဲ့တစ်စုံတစ်ယောက်ကတော့ ခပ်လွန့်လွန့် ပြုံးကာ ဘောင်းဘီ အိတ်ထဲ လက်ထည့်လို့ တက်သွားလေသည်။
"Min ကိုယ်ကူသယ်ပေးမယ် နော်"
အပေါ်ထပ်သို့ တက်နေဆဲ ခြေလှမ်းတွေသည် တုံ့ခနဲ ခပ်စောင်းစောင်းကြည့်လာတဲ့ မျက်ဝန်းတွေသည် ဘေးစောင်းအနေအထားနဲ့တောင် စူးကနဲ လက်ကနဲ ခပ်ထက်ထက် ဓားတစ်လက်ကိုမြင်လိုက်ရ သလို ခံစားမှုမျိုးက အလုံးအရင်း ဝင်ရောက်လာသည်။
Luggage အိတ်ပေါ်မှ လက်သေးသေးတွေ အပေါ် ဖိထပ်ထားတဲ့ senior ရဲ့ လက်တွေအောက်မှ ညင်သာသော်လည်း အလျှင်အမြန် ရုန်းဖယ်မိလျှက်သား
အဲအကြည့် အဲအပြုံးတွေအကြောင်းကို သူ့လောက် ဘယ်သူကများ နောကြေနိုင်မလဲ
"ရပါတယ် senior ကျွန်တော် သယ်သွားလိုက်ပါ့မယ်"
"အဆင်ပြေ လို့လားကွာ"
Senior သည် သိပ်လက်လျှော့ ချင်ဟန်မတူသေး ခဏလေးတွေ့သည့် အချိန်အပိုင်းအခြားတွင်ပင် သူ့နဲ့ စကားတွေအများကြီးပြောကာ အခုလည်းသူ့နောက်က လိုက်ရဖို့်အရေး အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်။ တစ်ခါတစ်ရံ သူ့ကို senior ကြည့်တဲ့အကြည့်တွေကို မငယ်တော့တဲ့ အသက်အရွယ်ဖြစ်တဲ့သူက ကောင်းကောင်းကြီး ရိပ်မိပါသည်။
"ကျုပ်အိမ်မှာဆို ဒီထက်လေးတဲ့တိုင်ကီတောင် သူထမ်းနိုင်တာမိုလို့ ခင်ဗျား စိတ်မပူလည်းဖြစ်တယ်"
"မင်းက တအားရိုင်းတယ်နော် ကျောင်းသားလေး"
"ကျုပ် ဘဝမှာ ဘယ်သူ့ကိုမှ အထူးတလည် ယဉ်ကျေးပြနေဖို့ မလိုဘူး
လူတိုင်းက စစ်မှန်မနေဘူးလေ
တစ်ခုကိုလိုချင်လို့ တစ်ခုကို ရက်ရောဟန် ဆောင်နေကြတာချည်းပဲဟာ
အပေါ်ယံ ဟန်တွေလုပ်ရမှာ ကို ကျုပ်က သိပ်အော်ဂလီဆန်တတ်တာ"
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...
Part-(10)
Start from the beginning