အပိုင်း(၁၅)

Start from the beginning
                                    

တော်၀င်နေပြည်တော်ရဲ့ နောက်ဆုံးရသတင်းတွေကို လတိုင်း မြို့တော်အရှင်ဆီမှာ စာပို့ခိုနဲ့ရသည်။ *မင်းမှာသာ အရည်အချင်းရှိရင် ဘာမဆိုဖြစ်နိုင်ပါတယ်။*ဒါကြောင့်လည်း ကြိုးစားလွန်းတဲ့ ချန်ရှူး‌လီကြောင့်သာ မြို့အရှင်ဟာ သူ့ရဲ့ တရားမ၀င်သားအပေါ်ကို မျှော်လင့်ချက်ကြီးကြီးထားခဲ့တာလည်း ဖြစ်သည်။

ကောင်းကင်လနိုင်ငံမှာ၊ ချီသန့်စင်နိုင်တဲ့ လူတွေသာ ကျော်ကြားနိုင်တာမဟုတ်ဘူး။

"ဒါတွေအကုန်သူ့သဘောထားတိုင်းပါပဲလေ"

ချိန်ကျန်းကျန့်သက်ပြင်းချလိုက်တယ်။ ချိန်ရှူးလီဟာ သူ့မျက်လုံးအောက်မှာ အရွယ်ရောက်လာခဲ့ပြီ။ သူ့သားနှစ်ယောက်တောင်မှ၊ ချိန်ရှူးလီကို မယှဉ်နိုင်ဘူး၊ ‌ဒါပေမယ့် ချီသန့်စင်ခြင်း ပင်ကိုယ်ပါရမီကတော့...

"ချိန်းမိသားစု...." ချိန်ကျန်းကျန့်ရဲ့ မျက်လုံးတွေအေးစက်သွားတော့သည်။ထို့အတူပင် သူ့လက်ထဲမှာကိုင်ထားတဲ့ လက်ဖက်ရည်ခွက်ဟာလည်း အဆက်မပြတ်တုန်ခါနေတော့သည်။
……

မနက်ခင်းပိုင်းမှာ၊ တံခါးပေါက်နေတစ်ဆင့် နေရောင်ဟာ ချင်ကျင်းရဲ့ မျက်နှာပေါ်ကိုကျလာခဲ့သည်။ သူဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက် ကာ သူ့ရဲ့ အမြင်အာရုံကြည်လင်လာသည်။

ကမ္ဘာကူးလာပြီးကတည်းက၊ ညတိုင်း သူ့အရင်ကမ္ဘာပေါ်ကို ပြန်ရောက်သွားတယ်လို့ အိမ်မက် မက်နေတာကြောင့် နေ့တိုင်း စိတ်ပျက်အားလျော့စွာနဲ့နိုးထလာခဲ့ရတယ်။

"‌မဟာကောင်းကင်ဘုံခွေး မင်း ထသင့်ပြီ"

ချင်ကျင်း ထပြီး အိပ်ယာဘေးနားက ဘေစင် ကိုသွားပြီး မျက်နှာသစ်ရင်း၊ ကြမ်းပြင်ပေါ်မှာအိပ်နေတဲ့ ‌မဟာကောင်းကင်ဘုံခွေးကိုပြောလိုက်သည်။ ထိုအခါ ‌မဟာကောင်းကင်ခွေး သူ့မျက်လုံးကိုဖွင့်ပြီး ၊ချင်ကျင်းကို နှာခေါင်းရှုံ့ပြလိုက်သည်။ * သူ့အပြုအမူတွေက၊ ငါမင်းထက်စောစောထတယ်တယ်ကွ၊ *လို့ပြောနေ သယောင်ယောင်။

မျက်နှာသစ်ပြီးနောက်မှာတော့ ချင်ကျင်း မဟာကောင်းကင်ဘုံခွေးနဲ့ ဘေးအခန်းက တဂျီနဲ့ ချန်ချင်းချင်းတို့ရှိရာသွားလိုက်သည်။

ဂန္တဝင်စနစ်Where stories live. Discover now