အပိုင်း(၁၇)

ابدأ من البداية
                                    

'အဲ့ဒါတော့မှန်တယ်' ဈေးအကြီးဆုံး အကောင်းဆုံး ပေါင်မုန့်ကိုသာ အထက်တန်းလွှာတွေရဲ့စားပွဲ‌ပေါ်မှာ တည်ခင်းကြသည်
"ပြီးတော့လဲ သူတို့အရင်င်ကမမြင်ဘူးတဲ့ လူကြီးတွေရှေ့မှာ ဘယ်တော့မှ မကကြ မသီဆိုကြဘူး"

'အက်စတယ်လာ, ငါက အထက်တန်းလွှာမဟုတ်ရင်တောင်မှ ငါကတော့ အဲ့လိုမျိုး ထပ်ပြီး မလုပ်ချင်တော့ဘူး ငါမှာ‌အခုလို အမည်ပျက်စရာ သမိုင်းကြောင်းရှိနေရတဲ့ အကြောင်းအရင်းက အဲ့အချိန်တုန်းက ဖယ်ရှားနေခဲ့တဲ့ ငါကြောင့်ပဲ' (အိုင်တော့ သိပ်မနားမလည်)

"ဒါကြောင့် ကျွန်မရှင့်ကိုသဘောကျတာ မစ်နေးရား"

အက်စတယ်လာ ညင်သာစွာပြုံးပြလိုက်ချိန် သူမနှလုံးက ပဲ့တင်ဖြစ်အောင်ထိုးနှက်‌ချက်နှင့်အတူ ခုန်နေခဲ့သည်

'ရှင် အခုလို ကျွန်မကို မတိုက်ခိုက်ခင် သတိလေးတော့ ကျေးဇူးပြုပြီး ကြိုပေးနိုင်ဘူးလား'

သူမအတွေးတွေ ထွက်ကျခါနီးဖြစ်တာကြောင့် သူမရဲ့ယိမ့်ထိုးနေတဲ့နှလုံးကို တည်‌ငြိမ်အောင် ကြိုးစားနေခဲ့သည်

"ကျေးဇူးတင်ပါတယ် ဒါနဲ့ အက်စတယ်လာ ရှင် လာမဲ့ရက်သတ္တပတ်အနည်းငယ်မှာ ကျင်းပမဲ့ အိမ့်ရှေ့စံမင်းသားရဲ့ မွေးနေ့ပွဲအခမ်းအနားကိုတတ်မယ်မလား"
"တတ်မှာလေ"
"ဘာ၀တ်မယ်လို့ ဆုံးဖြတ်ထားလဲ"
"ကျွန်မ ရှင့်စေ့စပ်ပွဲအခမ်းအနားမှာ၀တ်တဲ့ ဂါ၀န်ကို၀တ်မှာပေါ့"

သူမမျက်‌ရည်တွေတောင် လည်မိမတတ်ပင်

'မဟုတ်တာ ရှင် တကယ်အဲ့အ၀တ်အစားတွေပြန်၀တ်မလို့လား'

ထိုဂါ၀န်က အ၀တ်တွေကို အပိုင်းပိုင်းဖြဲပြီး ဆင်းရဲသားတွေလို ဇကာပေါက်တွေနှင့် လက်ရာပင် လွန်လွန်ကဲကဲ တန်ဆာဆင်ထားသောချုပ်ရိုး ဟာကွက်အများအပြားပါ၀င်လေသည်
အက်စတယ်လာအတွက် ထိုအ၀တ်အစားကို အခုလို၀တ်ဆင်တာက သာမန်ဖြစ်နေစဉ် တခြားသူ၀တ်ဆင်ပါက ထိုသူမှာ လွန်ခဲ့သော ရာစုနှစ်တစ်၀က်လောက်က အဘွား၀တ်ထားတဲ့အ၀တ်အစားကို ၀တ်လာတယ်ဟု၍  လှောင်ပြောင်ခံရမည်ပင်

သူမ ဂရုတစိုက်မေးလိုက်သည် "အဲ့ဒါက အရမ်း‌ခေတ်နောက်ကျနေတဲ့ ဂါ၀န်နဲ့ ဆင်နေတယ် ရှင် အသစ်တထည်၀ယ်ဖို့ စဉ်းစားမထားဖူးလား?"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးحيث تعيش القصص. اكتشف الآن