တစ်ကယ်တော့၊ ဟယ်ကျိုးက အိမ်ကိုပြန်ရောက်တာကြာပြီဖြစ်ပေမယ့် မီးမဖွင့်ဘဲ အောက်ထပ်မှာထိုင်နေခဲ့တာဖြစ်တယ်။

သူ ဒီနေ့ညနေက ချိယွီနဲ့ပြောခဲ့တဲ့စကားတွေကို ပြန်တွေးမိတိုင်း သူအနေနဲ့ အလွန်အမင်းခံပြင်းကာ ဒေါသထွက်ရပြီး၊ သူ့မျက်နှာဟာလည်းပူလောင်လာကာ ဒေါသရောအရှက်ရမှုကြောင့် ပို၍ခံပြင်းလာခဲ့ရတယ်။ ထို့အပြင် သူအနေနဲ့ မလိုလားသလို အလွန်အမင်း မကျေမနပ်ဖြစ်နေမိခဲ့တယ်။

သူ့အနေနဲ့ ချိယွီနဲ့ အဆင်ပြေပြေနေချင်မိသော်လည်း သူမလုပ်နိုင်ခဲ့ပေ။

သူက သူ့ရဲ့မာနကို အလွန်တန်ဖိုးထားသည်။

လူအများဆီမှ ချီးကျူခံရကာ အများကမော့၍သာကြည့်ခဲ့ရတဲ့သူ့ကို ရုတ်တရက် မျက်နှာဖြတ်ရိုက်လိုက်တာဟာ သူ့မာနကိုတန်ဖိုးထားကာ ဆက်ထိန်းသိမ်းနိုင်ဖို့ ခက်ခဲစေတယ်။

ဒါ့ကြောင့် သူပြန်လာခဲ့တာဖြစ်တယ်။

ပြန်လာပြီးဘာလုပ်မှာလဲ? ဟယ်ကျိုးလည်း သေချာတွေးမထားမိပေ။

သူက သူသာဒီအတိုင်းထွက်လာခဲ့ရင် လုံးဝကို သူ့ထက်အားနည်းတဲ့omegaတစ်ယောက် ဆီမှာရှုံးနိမ့်သွားလိမ့်မယ်လို့ ခံစားရတာကြောင့်သာ ပြန်လာခဲ့တာဖြစ်တယ်။
ဒီလိုခံစားချက်မျိုးကို သူအရင်ကတစ်ခါမျှမခံစားခဲ့ဖူးပေ။ ဤအရာက သူ့ကို ဒေါသထွက်စေရုံသာမက၊ မကျေမနပ်ဖြစ်စေကာ သူ့ကိုမပျော်မရွှင်ဖြစ်လို့နေစေတယ်။

ဒါပေမယ့်လို့၊ သူပြန်ရောက်လာတာနဲ့ ဤကဲ့သို့ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ပေ။

ဟယ်ကျိုးရဲ့အကြည့်က ချိယွီဝတ်ထားတဲ့အောက်ခံဘောင်းဘီဆီ ရောက်ရှိသွားပြီး ၊ သူမေးကိုမော့ကာ ပြောလိုက်တယ်။ "ဟမ်? မင်းဘာပြောချင်သေးလဲ?"

ချိယွီက ထစ်ထစ်အအဖြင့် တုံ့ပြန်လာခဲ့သည်။
"ငါ ငါ ရှင်းပြနိုင်ပါတယ်"

ချိယွီတစ်ယောက် သူ့ခေါင်းတစ်ခုလုံး အငွေ့ထောင်းထောင်းထ‌တော့မလိုတောင် ခံစားလိုက်ရတယ်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpNơi câu chuyện tồn tại. Hãy khám phá bây giờ