စာစဥ် (၃) [Unicode]

Magsimula sa umpisa
                                    

စကားအနည်းငယ် ထပ်ပြောပြီးနောက်တွင် အန်တီလီ နှင့် အန်ကယ်ဆန်းတို့ ပြန်သွားကြသည်။

မနက်စာစားပြီးနောက် ချူးလျို ကျောင်းသွားလိုက်တော့သည်။ သူမနေရာတွင် ထိုင်ပြီးရုံမျှရှိသေးစဥ် ပိန်ပိန်ပါးပါးဖြင့် မျက်မှန်တပ်ထားသော ကောင်လေးတစ်ယောက်ဟာ အတန်းရှေ့ကနေ သူမဆီသို့ လျှောက်လာလေသည်။

“ ချူးလျို "

ချူးလျို မော့ကြည့်လိုက်ရာ အတန်း၏ သချာ်ကိုယ်စားပြု လီထောင်ကိုသူမ တွေ့လိုက်ရသည်။ တစ်တန်းလုံးက သူတို့နှစ်ယောက်ကို အကဲခတ်နေကြလေ၏။

“ဘာလဲ”

လီထောင်က သူ့မျက်မှန်ကို ပင့်တင်လိုက်ကာ သူ့မျက်လုံးများက ချူးလျိုကို စူးစိုက်ကြည့်နေသည်။ “မနေ့က self-studyအချိန်မှာ ကောင်းကြီး ကမင်းနဲ့ စာအတူတူလုပ်ဖို့ ငါ့ကိုပြောတယ်၊ မင်းမသိတာရှိရင် ငါ့ကို မေးလို့ရတယ်”

ချူးလျိုက ဘာမှပြန်မပြောဘဲ ခေါင်းပဲ ညိမ့်ပြလိုက်သည်။ လီထောင်ကတော့ ချူးလျိုရဲ့ အမူအယာကိုအနည်းငယ်မကျေမနပ်ဖြစ်သွားကာ ဆက်ပြောလိုက်သည်။“ငါ့အချိန်က အရမ်းကို တန်ဖိုးရှိတာမို့လို့ သာမန်မေးခွန်းမျိုးဆိုရင် ကိုယ့်ဘာသာကိုယ် စာအုပ်ထဲမှာပဲ ရှာကြည့်လိုက်”

ထိုစကား၏ အဓိပ္ပါယ်ကတော့ ထစ်ကနဲရှိ သူ့ကိုလာမရှာနဲ့ ဆိုသည့်သဘောမျိုးကို သူဆိုလိုခြင်း ဖြစ်လေရာ ချူးလျိုကလဲ သူ့ကို မော့ကြည့်လိုက်ပြီးနောက် စိတ်မဝင်စားသည့်ပုံစံဖြင့် ခေါင်းညိမ့်လိုက်သည်။ “အင်း”

လီထောင်၏ နားရွက်တွေ နီရဲလာလေသည်။

ချူးလျိုရဲ့ အေးစက်တဲ့ တုန့်ပြန်မှုကြောင့် သူဒေါသတွေထွက်သွားပြီးနောက်တွင် သူ့ထိုင်ခုံဆီသို့ ချာကနဲ လှည့်ထွက်သွားတော့သည်။

ထိုချိန်အတန်းဖော်များဆီက တီးတိုးသံတွေ ထွက်လာလေ၏။ “ဆရာ‌ကောင်းက ဘာတွေများ တွေးနေတာပါလိမ့်ဟယ် သူ့ကို revisionစာအုပ်တွေ အများကြီး ပေးတာနဲ့တင် အားမရလို့ အခု အတန်းခေါင်းဆောင်ကိုပါ သူ့ကို သင်ပေးခိုင်းနေတာလား”

ချမ်းသာတဲ့ မိသားစုရဲ့ ဇနီးချောလေးက ချစ်ဖို့ကောင်းပေမဲ့ ရက်စက်တတ်တယ်!!!Tahanan ng mga kuwento. Tumuklas ngayon