Story Description

10.8K 442 15
                                    

Unicode

ဇာတ်လမ်း အကျဥ်းချုပ်

ဟိုးရှေးခေတ်က မိန်းကလေးတစ်ယောက်ဟာ
သူမရဲ့ ဖူးစားဖက်နဲ့ ချစ်ကြိုက်သွားပါသတဲ့။

ချူးလျိုဟာ တန်ခိုးအကြီးဆုံးသော နတ်ဆရာမ တစ်ယောက် ဖြစ်ခဲ့လေသည်။

သူမဟာ ကောင်းကင်ဘုံနှင့် သက်ဆိုင်သော
လူသားတစ်ယောက်ဖြစ်ပြီး
ကောင်းကင်ဘုံ ရဲ့ လျှို့ဝှက်ချက် ကိုတောင်
သိနိုင်စွမ်း ရှိလေ၏။

ဒါ့ပြင် သူမဟာ ဘဝနဲ့ သေဆုံးခြင်းတွေကို လဲ
စီမံဆုံးဖြတ်ပေးနိုင်လေပြီး
သူမရဲ့ ဆေးပညာနဲ့ အဆိပ်ပညာက
ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့
ပြောစမှတ်တွင်ကျလေသည်။

တစ်နေ့မှာတော့ သူမဟာ ရုတ်တရက်သေဆုံးသွားပြီး
အထက်တန်းကျောင်းပြီးတော့မည့်
ပြသာနာ ကောင်မလေး ၏ ခန္ဓာကိုယ်ထဲ၌
ပြန်လည်မွေးဖွားလာလေသည်။

ထိုကောင်မလေး ဟာ ဆိုရင်ဖြင့်
သူမရဲ့ ဖွင့်ပြောမှု မအောင်မြင်လို့ဆိုပြီး
ကျောင်းခေါင်မိုးပေါ်ကနေ ခုန်ချပြီး
ကိုယ့်ကိုကိုယ် သတ်သေဖို့ လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ပင် ဖြစ်လေသည်။

သူမရဲ့ မိဘတွေကလဲ သူမကိုမချစ်ကြဘူး။
သူမရဲ့ အစ်မရင်းကတောင် သူမကို အနိုင်ကျင့်နေကြမြဲ ဖြစ်လေ၏။  သူမရဲ့ အတန်းဖော်တွေက လဲ သူမအပေါ်
မကောင်းကြပါချေ။

ချူးလျို၏ နှုတ်ခမ်း ထောင့်စွန်းလေးဟာ ကွေးတတ်သွားလေပြီးနောက် သူမ ပြောလိုက်တာကတော့
"အရမ်း ကောင်းတယ်!
ငါ့ကို အနိုင်ကျင့်ရဲ ကျင့်ကြည့်လေ
အဲ့ဒီအနိုင်ကျင့်တဲ့သူတွေမှန်သမျှ သေတာတောင်
မသိဘဲ သေသွားစေရမယ် "

ထို့နောက် ....

နတ်ဆရာမ စိတ်ဝင်တစား လုပ်တာ (3)ခုပဲရှိပါလေသည်။

၁ ။ ပထမဆုတွေတိုင်းကို သိမ်းပိုက်ခြင်း

၂ ။ အရာရာတိုင်းကို ​​လေ့ကျင့်တတ်မြောက်နေပြီး
ဘယ်တော့မှ ရှုံးသည်ကို ဝန်မခံခြင်း

၃ ။ လီရန့် ရှေ့မှာဆို ချစ်စရာကောင်းအောင် ပြုမူခြင်း

......

ချမ်းသာတဲ့ မိသားစုရဲ့ ဇနီးချောလေးက ချစ်ဖို့ကောင်းပေမဲ့ ရက်စက်တတ်တယ်!!!Where stories live. Discover now