စာစဥ် ၃ ၊ အခန်း ၁ ။ ငါတို့ရှောင်ရိကို ဒီလိုဖြစ်အောင် လုပ်တဲ့လူက နင်ပေါ့လေ!
ချူးလျို အပြေးလေ့ကျင့်ရာက ပြန်လာချိန်မှာတော့ လီရန် သည် ဧည့်ခန်းထဲတွင် ရှိမနေတော့ဘဲ သက်လတ်ပိုင်းရွယ် ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးကိုသာ တွေ့ရလေသည်။ သူတို့နှစ်ဦးမှာ စားဖိုမှူးဦးထုပ်နှင့် ဝတ်စုံကို ဝတ်ဆင်ထားကြသည်။
သူတို့က ချူးလျို ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ကြသည်။ “မင်္ဂလာပါ မမလေးချူး”
ဆက်လက်၍ မိန်းမကြီးက သူ့ကိုယ်သူ မိတ်ဆက်လေသည်။ “အန်တီတို့က မမလေးအတွက် ချက်ပြုတ်ရေးကို တာဝန်ယူထားတဲ့ စားဖိုမှူးတွေပါ။ အန်တီရဲ့ မျိုးရိုးကတော့ လီပါ။ အန်တီလီလို့ ခေါ်လို့ ရပါတယ်။ သူ့မျိုးရိုးကတော့ ဆန်းတဲ့။ အန်ကယ်ဆန်းလို့ ခေါ်ပေါ့”
အန်တီလီက ထမင်းစားပွဲကို ညွှန်ပြသည်။ “ခံတွင်းတည့်ရဲ့လားလို့ မြည်းကြည့်ပါဦး မမလေးချူး ။ အရသာမကြိုက်ဘူးဆိုရင် အန်တီတို့ ချက်ချင်းပြင်ပေးပါ့မယ်။ ပြီးတော့ ဘယ်လိုဟင်းမျိုး ကြိုက်တတ်တယ် ဆိုတာကိုလည်း အန်တီတို့ကို ပြောထားပေါ့”
ချူးလျိုက ထမင်းစားပွဲမှာ ထိုင်ကာ ပုစွန်ဖက်ထုပ်တစ်ခုကို တူဖြင့်ယူပြီး မြည်းကြည့်လိုက်သည်။ အန်တီလီနှင့် အန်ကယ်ဆန်းတို့က သူမစားနေသည်ကို မျှော်လင့်တကြီး ကြည့်နေကြလေသည်။ ဆန်ပြုတ်တစ်ဇွန်းပါ သောက် အပြီးမှာတော့ သူမခေါင်းညိမ့်လိုက်သည်။ “တော်တော်လေး စားလို့ကောင်းပါတယ်”
ထိုအခါမှ အန်ကယ်ဆန်းနှင် အန်တီလီတို့က စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလေသည်။ ထို့နောက် ချူးလျိုက သူမနှစ်သက်သည့် ဟင်းလျာနာမည်တွေကို ပြောပြလိုက်ပြီးနောက် အန်တီလီက မေးသည်။ “နောက်ပိုင်းကျရင် နေ့လည်စာနဲ့ ညစာကို အိမ်ပြန်လာပြီး စားမလား၊ ဒါမှမဟုတ် လာပို့ပေးရမလား မမလေးချူး”
ချူးလျိုလဲ ခဏလောက် စဉ်းစားလိုက်သည်။ သူမ ဆရာပြောပုံအရဆိုရင် သူမတို့တွေဟာ နေ့ခင်းပိုင်းမှာလဲ စာသင်ရမှာ ဖြစ်လေသည်။ “နေ့ခင်းကျရင် ကျွန်မဆီကို ပို့ပေးပါ”
YOU ARE READING
ချမ်းသာတဲ့ မိသားစုရဲ့ ဇနီးချောလေးက ချစ်ဖို့ကောင်းပေမဲ့ ရက်စက်တတ်တယ်!!!
Romanceစာစဥ် 1 မှ စာစဥ်? ??? . . . Not my work . We are just translating this novel for offline purpose. All credits to original Author and English Translators.