[15]

3.1K 521 8
                                    

UNICODE

အပိုင်း (၁၅)

နောက်ရက်နည်းနည်းကြာတော့ သခင်လေးက အိမ်မှာ ပစ္စည်းတွေ ထပ်လိုနေသေးတယ်လို့ ပြောလာရော။ ပိုက်ဆံကုန်မယ့်အလုပ်ဆိုတော့ ငါလေးခမျာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်သွားသေးတယ်။ ဒါပေမဲ့ အိမ်အပြင်အဆင်ကို ဂရုစိုက်ပေးတာက မိန်းမယူဖို့အတွက် မဖြစ်မနေလုပ်ရမယ့်တာဝန်ပဲတဲ့။ ငါလည်း ဟုတ်သားပဲဟလို့ တွေးမိပြီး သူ့ဆီ ငွေစအကုန် အပ်ထားလိုက်တယ်။ အဲ့ဒါကြောင့်တော့ အိပ်ယာပေါ်ရောက်တိုင်း 'ကိုကို' 'ကိုကို' လို့ ခေါ်တာ မဟုတ်လောက်ပါဘူးနော်။

တဖြည်းဖြည်းနဲ့ အိမ်လေးက ပစ္စည်းတွေနဲ့ ပြည့်လာတယ်။ အိမ်တံခါးရှေ့မှာ ချစ်စရာပန်းဥယျာဥ်သေးသေးလေးတောင် ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် ငွေက တဖြည်းဖြည်း လျော့လျော့လျော့လာပြီ။ သခင်လေးကလည်း ပိုက်ဆံမလောက်ဘူးလို့ပဲ အမြဲပြောတယ်။ အဲ့ဒါကြောင့် ငါရှာလာသမျှပိုက်ဆံလည်း သူ့လက်ထဲပဲ အမြဲအပ်ရတယ်။ ဝှူး.. လောလောဆယ်တော့ မိန်းမယူဖို့ မဖြစ်နိုင်သေးပါဘူးလေ။

"အပြန်အလှန်ကူညီခြင်း"လုပ်ငန်းစဥ်ကိုတော့ ညတိုင်းလုပ်ဖြစ်နေတာ အကျင့်လိုတောင်ဖြစ်နေပြီ။ သခင်လေးရဲ့ခန္ဓာကိုယ်နုနုထွတ်ထွတ်က ငါ့ဟာကို မခံနိုင်ဘူး။ နောက်နေ့နံနက်ရောက်ရင်လည်း နဂါးနာရီ (နံနက် ၇နာရီမှ ၉နာရီ)ထိ မထနိုင်သေးဘူး။ ငါလည်း သူ့ကို အိပ်ယာစောစောဝင်ဖို့ အကြံပေးပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ပြောစကားနားမထောင်ဘူး။ ငါသူ့ကို အဲ့လိုပြောတိုင်း ညဘက်ဆို ပိုပိုပြီးတက်ကြွလာတယ်။ အဲ့ဒါကြောင့်.....ငါလည်း ပြောမနေတော့ဘူး။

~~~~~~~~~~~~~~~~~~~~

ZAWGYI

အပိုင္း (၁၅)

ေနာက္ရက္နည္းနည္းၾကာေတာ့ သခင္ေလးက အိမ္မွာ ပစၥည္းေတြ ထပ္လိုေနေသးတယ္လို႔ ေျပာလာေရာ။ ပိုက္ဆံကုန္မယ့္အလုပ္ဆိုေတာ့ ငါေလးခမ်ာ တြန႔္ဆုတ္တြန့္ဆုတ္ျဖစ္သြားေသးတယ္။ ဒါေပမဲ့ အိမ္အျပင္အဆင္ကို ဂ႐ုစိုက္ေပးတာက မိန္းမယူဖို႔အတြက္ မျဖစ္မေနလုပ္ရမယ့္တာဝန္ပဲတဲ့။ ငါလည္း ဟုတ္သားပဲဟလို႔ ေတြးမိၿပီး သူ႔ဆီ ေငြစအကုန္ အပ္ထားလိုက္တယ္။ အဲ့ဒါေၾကာင့္ေတာ့ အိပ္ယာေပၚေရာက္တိုင္း 'ကိုကို' 'ကိုကို' လို႔ ေခၚတာ မဟုတ္ေလာက္ပါဘူးေနာ္။

တျဖည္းျဖည္းနဲ႔ အိမ္ေလးက ပစၥည္းေတြနဲ႔ ျပည့္လာတယ္။ အိမ္တံခါးေရွ႕မွာ ခ်စ္စရာပန္းဥယ်ာဥ္ေသးေသးေလးေတာင္ ရွိေသးတယ္။ ဘာပဲျဖစ္ျဖစ္ ေငြက တျဖည္းျဖည္း ေလ်ာ့ေလ်ာ့ေလ်ာ့လာၿပီ။ သခင္ေလးကလည္း ပိုက္ဆံမေလာက္ဘူးလို႔ပဲ အျမဲေျပာတယ္။ အဲ့ဒါေၾကာင့္ ငါရွာလာသမၽွပိုက္ဆံလည္း သူ႔လက္ထဲပဲ အျမဲအပ္ရတယ္။ ဝွူး.. ေလာေလာဆယ္ေတာ့ မိန္းမယူဖို႔ မျဖစ္နိုင္ေသးပါဘူးေလ။

"အျပန္အလွန္ကူညီျခင္း"လုပ္ငန္းစဥ္ကိုေတာ့ ညတိုင္းလုပ္ျဖစ္ေနတာ အက်င့္လိုေတာင္ျဖစ္ေနၿပီ။ သခင္ေလးရဲ့ခႏၶာကိုယ္ႏုႏုထြတ္ထြတ္က ငါ့ဟာကို မခံနိုင္ဘူး။ ေနာက္ေန႔နံနက္ေရာက္ရင္လည္း နဂါးနာရီ (နံနက္ ၇နာရီမွ ၉နာရီ)ထိ မထနိုင္ေသးဘူး။ ငါလည္း သူ႔ကို အိပ္ယာေစာေစာဝင္ဖို႔ အႀကံေပးပါတယ္။ ဒါေပမဲ့ ဘယ္ေတာ့မွ ေျပာစကားနားမေထာင္ဘူး။ ငါသူ႔ကို အဲ့လိုေျပာတိုင္း ညဘက္ဆို ပိုပိုၿပီးတက္ႂကြလာတယ္။ အဲ့ဒါေၾကာင့္.....ငါလည္း ေျပာမေနေတာ့ဘူး။

~~~~~~~~~~~~~~~~~~~

My Father Wants to Kill Me《COMPLETED》Where stories live. Discover now