[3]

3.2K 551 14
                                    

UNICODE

အပိုင်း ()

ငါ လျှို့ဝှက်ထွက်ပေါက်ကို ငယ်ငယ်လေးကတည်းက ရှာတွေ့ထားတာ။ လျှို့ဝှက်ထွက်ပေါက်ရဲ့အဆုံးမှာ ရေကန်တစ်ကန်ရှိတယ်။ အဲ့မျက်နှာချင်းဆိုင်ရေကန်စပ်မှာတော့ ရွာလေးတစ်ရွာတည်ထားတယ်။ သခင်လေးက ငါ့နောက်ကနေ တိတ်တိတ်လေးလိုက်လာတာ။ ငါ ရေကန်ထဲ ခုန်ကူးတော့မယ်အလုပ် ငါ့အင်္ကျီစကို မျက်နှာငယ်လေးနဲ့ လာဆွဲရော။

"ကျွန်-ကျွန်တော် ရေဘယ်လိုကူးရမလဲမသိဘူး"

"အဲ့ဒါ ငါနဲ့ဘာဆိုင်လဲ?"

ငါ သူ့ကို သဘောမကျဘူး။ ငါတို့ငယ်ငယ်လေးကတည်းက သူ့ကိုအမြဲမုန်းနေခဲ့တာ။ သူက ငါ့သခင်ဖြစ်ပြီး ငါက သူ့အစေခံဖြစ်နေတာတောင်မှပေါ့။ စစ်သူကြီးအိမ်တော်တစ်ခုလုံးပြာကျသွားပြီးတဲ့နောက်မှာတော့ ဒီလိုကျယ်ပြောလှတဲ့ကမ္ဘာထဲ လေလွင့်သွားလာဖို့ ငါ့ကို ဆွဲထားမယ့်အရာ ဘာမှမရှိတော့ဘူး။ အခုဆို အကုန်လုံး ငါနဲ့ဘာမှမဆိုင်တော့ဘူး။

သခင်လေးကတော့ ငိုတယ်။ နှာရည်ထွက်ကျတဲ့အထိ ရှိုက်ရှိုက်ပြီး ငိုနေတော့တာ။  နှာခေါင်းရှုံ့ထားတဲ့ မျက်နှာသေးသေးလေးကို ကြည့်ရင်း ငယ်ငယ်က မွေးခဲ့ဖူးတဲ့ ယုန်ပေါက်စလေးကို သတိရသွားတယ်။ ရုတ်တရက် ငါ့စိတ်က နူးညံ့သွားသလိုပဲ။

"ကိုကိုလို့ခေါ်.. ဒါဆို မင်းကို ကာကွယ်ပေးမယ်"

~~~~~~~~~~~~~~~~~~~~~~

ZAWGYI

အပိုင္း ()

ငါ လၽွို႔ဝွက္ထြက္ေပါက္ကို ငယ္ငယ္ေလးကတည္းက ရွာေတြ႕ထားတာ။ လၽွို႔ဝွက္ထြက္ေပါက္ရဲ့အဆုံးမွာ ေရကန္တစ္ကန္ရွိတယ္။ အဲ့မ်က္ႏွာခ်င္းဆိုင္ေရကန္စပ္မွာေတာ့ ရြာေလးတစ္ရြာတည္ထားတယ္။ သခင္ေလးက ငါ့ေနာက္ကေန တိတ္တိတ္ေလးလိုက္လာတာ။ ငါ ေရကန္ထဲ ခုန္ကူးေတာ့မယ္အလုပ္ ငါ့အကၤ်ီစကို မ်က္ႏွာငယ္ေလးနဲ႔ လာဆြဲေရာ။

"ကၽြန္-ကၽြန္ေတာ္ ေရဘယ္လိုကူးရမလဲမသိဘူး"

"အဲ့ဒါ ငါနဲ႔ဘာဆိုင္လဲ?"

ငါ သူ႔ကို သေဘာမက်ဘူး။ ငါတို႔ငယ္ငယ္ေလးကတည္းက သူ႔ကိုအျမဲမုန္းေနခဲ့တာ။ သူက ငါ့သခင္ျဖစ္ၿပီး ငါက သူ႔အေစခံျဖစ္ေနတာေတာင္မွေပါ့။ စစ္သူႀကီးအိမ္ေတာ္ ျပာက်သြားၿပီးတဲ့ေနာက္ ဒီလိုက်ယ္ေျပာလွတဲ့ကမၻာထဲ ေလလြင့္သြားလာဖို႔ ငါ့ကို ဆြဲထားမယ့္အရာ ဘာမွမရွိေတာ့ဘူး။ အခုဆို အကုန္လုံး ငါနဲ႔ဘာမွမဆိုင္ေတာ့ဘူး။

သခင္ေလးကေတာ့ ငိုတယ္။ ႏွာရည္ထြက္က်တဲ့အထိ ရွိုက္ရွိုက္ၿပီး ငိုေနေတာ့တာ။ ႏွာေခါင္းရွုံ႔ထားတဲ့ မ်က္ႏွာေသးေသးေလးကို ၾကည့္ရင္း ငယ္ငယ္က ေမြးခဲ့ဖူးတဲ့ ယုန္ေပါက္စေလးကို သတိရသြားတယ္။ ႐ုတ္တရက္ ငါ့စိတ္က ႏူးညံ့သြားသလိုပဲ။

"ကိုကိုလို႔ေခၚ.. ဒါဆို မင္းကို ကာကြယ္ေပးမယ္"

~~~~~~~~~~~~~~~~~~~~~~

My Father Wants to Kill Me《COMPLETED》Where stories live. Discover now