[6]

3K 522 15
                                    

UNICODE

အပိုင်း ()

တစ်ခုခုမှားနေပြီမှန်း ခံစားလိုက်ရတာနဲ့ သွေးက ဒိန်းခနဲ ဆောင့်တက်သွားတာ။ နှစ်တွေအကြာကြီး မပြင်ဘဲ ထားထားတဲ့ စုတ်တီးစုတ်ပဲ့တံခါးကို ခြေထောက်နဲ့ ကန်ပစ်လိုက်တော့ အင်္ကျီဖိုသီဖတ်သီနဲ့ သခင်လေးက အောက်မှာ တွန်းလှဲခံထားရပြီး တရှုံ့ရှုံငိုနေတာကို တွေ့လိုက်ရတယ်။ ကိုယ်လုံးတီးဖြစ်နေတဲ့ မုဆိုးက သခင်လေးကို ဖိထားတာ။ သခင်လေး ဘယ်လောက်ပဲ မိန်းကလေးနဲ့တူတယ်ပြောဦးလေ၊ သူက မိန်းကလေးမှမဟုတ်ဘဲ။​ ဘာလို့ မုဆိုးက အဲ့လိုလုပ်ဖို့ကြံရတာလဲ။

သခင်လေးက ငါ့ကိုမြင်တာနဲ့ချက်ချင်း ငါ့အနောက်မှာ လာပုန်းပြီး ငိုပါလေရော။ ရိုးရိုးသားသားပြောရရင် ငါလည်း မုဆိုးနဲ့ ရန်မဖြစ်ချင်ပါဘူး။ သူက ငါ့ထက် ခေါင်းတစ်လုံးစာ အရပ်ပိုမြင့်တယ်လေ။ ဒါပေမဲ့လည်း နံရံမှာထောင်ထားတဲ့ သစ်သားတုတ်ကို ဆွဲပြီး အဲ့လူကြီးရဲ့ခေါင်းကို ဗုန်းခနဲ ရိုက်ချပစ်လိုက်တော့တယ်။

~~~~~~~~~~~~~~~~~~~~~

အပိုင္း ()

တစ္ခုခုမွားေနၿပီမွန္း ခံစားလိုက္ရတာနဲ႔ ေသြးက ဒိန္းခနဲ ေဆာင့္တက္သြားတာ။ ႏွစ္ေတြအၾကာႀကီး မျပင္ဘဲ ထားထားတဲ့ စုတ္တီးစုတ္ပဲ့တံခါးကို ေျခေထာက္နဲ႔ ကန္ပစ္လိုက္ေတာ့ အကၤ်ီဖိုသီဖတ္သီနဲ႔ သခင္ေလးက ေအာက္မွာ တြန္းလွဲခံထားရၿပီး တရွုံ႔ရွုံငိုေနတာကို ေတြ႕လိုက္ရတယ္။ ကိုယ္လုံးတီးျဖစ္ေနတဲ့ မုဆိုးက သခင္ေလးကို ဖိထားတာ။ သခင္ေလး ဘယ္ေလာက္ပဲ မိန္းကေလးနဲ႔တူတယ္ေျပာဦးေလ၊ သူက မိန္းကေလးမွမဟုတ္ဘဲ။​ ဘာလို႔ မုဆိုးက အဲ့လိုလုပ္ဖို႔ႀကံရတာလဲ။

သခင္ေလးက ငါ့ကိုျမင္တာနဲ႔ခ်က္ခ်င္း ငါ့အေနာက္မွာ လာပုန္းၿပီး ငိုပါေလေရာ။ ရိုးရိုးသားသားေျပာရရင္ ငါလည္း မုဆိုးနဲ႔ ရန္မျဖစ္ခ်င္ပါဘူး။ သူက ငါ့ထက္ ေခါင္းတစ္လုံးစာ အရပ္ပိုျမင့္တယ္ေလ။ ဒါေပမဲ့လည္း နံရံမွာေထာင္ထားတဲ့ သစ္သားတုတ္ကို ဆြဲၿပီး အဲ့လူႀကီးရဲ့ေခါင္းကို ဗုန္းခနဲ ရိုက္ခ်ပစ္လိုက္ေတာ့တယ္။

~~~~~~~~~~~~~~~~~~~

My Father Wants to Kill Me《COMPLETED》Where stories live. Discover now