[7]
2.9K 528 3
UNICODE
အပိုင်း ()
မုဆိုးက ကြမ်းပြင်ပေါ် ဗုန်းခနဲ လဲကျသွားတော့ ငါ့ကိုယ်ပေါ်မှာလည်း သွေးတွေချည်းပဲ။ ငါ သူ့ကို တောအုပ်ထဲ ဆွဲခေါ်သွားတော့ သူ့အသက်ရှူနှုန်းက ပိုပြီးနှေးနှေးနှေးသွားတယ်။
လတ်လတ်ဆတ်ဆတ်သွေးနံ့က တောရိုင်းအကောင်တွေကို ဆွဲဆောင်တယ်လေ။ ငါလည်း အဲ့အချက်ကို အသုံးချပြီး ဝံပုလွေတစ်ကောင်ကို ဖမ်းလိုက်တယ်။ အဲ့ဝံပုလွေ မုဆိုးရဲ့တစ်ကိုယ်လုံးကို ဝါးစားတာ အကြာကြီးပဲ။
အခုလေးတင် မွေးလိုက်တဲ့ အသစ်ကျပ်ချွတ်အိမ်မွေးတိရစ္ဆာန်လေးနဲ့အတူ စိတ်ပေါ့ပါ့ပါးပါးနဲ့ ပြန်လာခဲ့လိုက်တယ်။ အချိန်တော်တော်ကြာ လမ်းလျှောက်ပြီးတော့မှ သခင်လေးတစ်ယောက်တည်း ကျန်ခဲ့တာကို သတိရတယ်။
မြန်မြန်ပြေးလာပြီး ရှာရင်းရှာရင်းနဲ့မှ တဆတ်ဆတ်တုန်နေတဲ့ သခင်လေးကို ကောက်ရိုးပုံကြားထဲ ရှာတွေ့တယ်။ ငါ့ကိုတွေ့တာနဲ့ချက်ချင်း ပြေးလာရော။ သူ ငါ့နောက်ကို လိုက်ဖို့လုပ်သေးတယ်တဲ့။ ဒါပေမဲ့ ငါပြေးတာ ပိုပိုမြန်လာတော့ မျက်ချည်ပြတ်ပြီး ဒီကိုပဲပြန်လာခဲ့ရတာဆိုပဲ။ မုဆိုးကြီး သေသွားတာတောင်မှ သူ့မျက်လုံးတွေ၊ လက်မောင်းတွေကို အခုထိ ကြောက်နေမိတုန်းပဲတဲ့။
'မုဆိုးက သခင်လေးကို မိန်းကလေးလို့ ထင်နေတာများလားမသိဘူး'ဆိုပြီး ပြောတော့ သခင်လေးက ငါ့ကို 'ငတုံးကောင်'လို့ ခေါ်တယ်။
~~~~~~~~~~~~~~~~~~~~~
ZAWGYI
အပိုင်း ()
~~~~~~~~~~~~~~~~~~~~~
My Father Wants to Kill Me《COMPLETED》Where stories live. Discover now