Chapter-57 "You look so cool eariler, Dad" (1)

Start from the beginning
                                    

ကျောင်ချန်း တံတွေးမျိုချမိလိုက်သည်။

"Ugh ဘယ်...ဘယ်သူလဲ မင်းက"

"ငါမင်းကို မသိဘူး"

ကျောင်ချန်းက ပညာမတတ်ကာ မသိမတတ်သောသူဆိုပေမယ့် ဒီလူအုပ်၊ အထူးသဖြင့် သူ့ရှေ့ကတစ်ယောက်က သတင်းဆိုးဆိုတာကိုတော့ သူပြောနိုင်ပါသည်။

ဂူရှောင်းကို ပြန်ကြည့်လိုက်ရင်း ကျောင်ချန်းဟာ မျက်လုံချင်းတောင် မဆုံရဲဖြစ်နေသည်။

ကျောင်ချန်းသည် စကားအထစ်ထစ်ဖြစ်လျက်
"သူ...သူဌေး ကျွန်တော်က ဒီအတိုင်း ရွာကလူတစ်ယောက်ပါ။ ဘာပြစ်မှုမှလည်း မလုပ်ဖူးပါဘူး။ တစ်ခုခုမှားနေတာရှိမယ်ဆိုတာ ကျွန်တော်သေချောတယ်။ မင်း...."

ဂူရှောင်းသည် ကျောင်ချန်းကို တည်ငြိမ်စွာ စကားဖြတ်ပြောလာသည်။
"ငါက လင်းရှီရဲ့အဖေ"

လင်းရှီ?

ကျောင်ချန်း အနည်းငယ် တွေဝေမိသွားသည်။
"မင်းပြောနေတာက ကျောင်စီ မကြာသေးခင်က လာပို့သွားတဲ့ ကောင်မလေးလား"

နာမည်ကိုတောင် ထုတ်မပြောရဲသည်အထိ သူ့ကိုကြောက်လန့်စေတဲ့ ကောင်မလေးဟု ကျောင်ချန်းကို ထိုထင်မြင်ချက်တွေ ထာဝရကျန်နေအောင် လုပ်ခဲ့သည့် ကောင်မလေး။

ဂူရှောင်းက ငြင်းဆိုခြင်းမရှိတဲ့အချိန် သူပြောတာမှန်သည်ဆိုသည်နှင့် ဂူရှောင်း ဘာကြောင့်ဒီကိုရောက်လာရလဲဆိုသည်ကို သူသိသွားသည်။

"Oh ဒါဆို မင်းက အဲ့ကောင်မလေးရဲ့အဖေကို"
ခိုက်ခိုက်တုန်တုန်နေရင်း ကျောင်ချန်းသည် အပြစ်ကင်းသလိုမျိုး ဆက်ပြုမူနေရန် ကြိုးစားလိုက်သည်။
"တစ်နေ့က သူမ ကျောင်စီနဲ့ ရောက်လာပြီး အဲ့နေ့မှာပဲ ပြန်သွားတယ်"

သူမ ပြန်သွားတာမဟုတ်ဘဲ ထွက်ပြေးသွားတာက လွဲ၍ပေါ့။

"သူမကို ရှာနေတာဆိုရင် သူဌေး နေရာအမှားကို ရောက်နေပြီ။ လင်းရှီ ဒီမှာမရှိဘူး။ ကျောင်စီကို သွားမေးပါ့လား?"

ပြောလိုက်ပြီးနောက်မှ ဂူရှောင်း၏အေးစက်စက်အကြည့်နှင့် သူ့ကို လွှတ်ပေးလိုတဲ့ အစီစဥ်မရှိတာကို သတိထားမိသွားပြီး ပိုကြောက်ရွံ့လာသည်။ သူကမြန်မြန် ထပ်ပြောလိုက်သည်။
"တကယ်ပြောတာပါ။ ရွာထဲက ကောလဟာလတွေကို မယုံပါနဲ့။ ငါသူမကို သော့ပိတ်မထားပါဘူး။ မင်းလိုက်ကြည့်လို့ရတယ်။ လွတ်လွတ်လပ်လပ်ပဲ ဝင်ကြည်လို့ရတယ်"

အဖေ့ကိုသွားရှာဖို့ငါဆုံးဖြတ်လိုက်ပြီWhere stories live. Discover now