ကိုကို💙(zawgyi)

401 19 0
                                    

ဘေကျင်းမြို့ရဲ့ high-way လမ်းမကြီးထက်မှာ
Lamborghini logo နဲ့ ပြိုင်ကား အဝါရောင်လေးတစ်စီးက ပုံမှန်အရှိန်နှင့်သာ ပြေးလွှားနေသည်။
Ed Sheeran ရဲ့ Shape of you သီချင်းသံက
ပျံ့လွင့်နေပြီး ခရမ်းပြာရောင် ဆံနွယ်တွေကို ပိုင်ဆိုင်ထားတဲ့လူငယ်လေးက ကားမောင်းနှင်နေရင်း
ခပ်တိုးတိုးလိုက်ညည်းနေသည်။
''Duuu Duuu''
ဖုန်းဝင်လာတာကြောင့် vibrateသံက မြည်လာသည်။
''Hello! ''
''ဟင်!မလာသေးပါဘူး.. ပြန်လာရင်ပြောမှာပေါ့လို့ ! ''
''အင်အင်း ဒါပဲ ''

WangYibo ဆိုတာ အဲ့လိုပါပဲ... ကိုယ့်စိတ်ထဲက မသိစေချင်တဲ့အရာဆိုရင် လိမ်လိုက်ဖို့လဲ ဝန်မလေးတဲ့သူဖြစ်သည်။ Nan Hai sea ဘက်ကို သွားလည်ချင်သည်ကို ခွင့်ပြုပေးခဲ့တဲ့ သက်ဆိုင်သူကြီးကို ပြန်မလာသေးဘူးဟု ပြောကာ ပေါ်တင်လိမ်လိုက်ပြီးဖြစ်သည်။
25 နှစ်ကျော်ကျော်ပဲရှိသေးတဲ့ WangYibo က
စိတ်ကူးပေါက်တဲ့အချိန်မှသာ ရေးဆွဲတတ်တဲ့
အောင်မြင်လွန်းတဲ့ Fashion Designer တစ်ယောက်။ တစ်ခုဆိုတစ်ခုပေါက်လွန်းတဲ့ design တွေကို ဖန်တီးတဲ့သူကိုတော့ တွေ့ဖူးတဲ့သူ မရှိသလောက်ပင်။ရိပေါ်ဖန်တီးသမျှ design တွေကလဲ Leo Brand တစ်ခုထဲအတွက်သာ ဖြစ်သည်။
အင်းးးးး Brand ပိုင်ရှင်ကြီးကလဲ အခြားသူမှမဟုတ်တန်ရာပဲ...။

....................................................

Nan Hai ကနေပြန်လာပြီး တစ်ပတ်အတွင်းမှာ Club မျိုးစုံ Bar မျိုးစုံကို ပတ်သွားနေတဲ့
ရိပေါ်က ဒီမနက် ခြောက်နာရီလောက်မှာ အဆင့်မြင့်
ကွန်ဒိုကို ပြန်လာခဲ့သည်။ Bar မှာ ညလုံးပေါက်လာတာကြောင့် ရေချိုးခန်းထဲဝင်ပြီး ရေမိုးချိုးလိုက်သည်။
bathrobe အပြာနုရောင်လေးကို ဝတ်ပြီး ရေစက်လေးတွေ တွဲခိုနေသေးတဲ့ အပြာရောင်ဆံနွယ်လေးတွေနဲ့ အပြာလုံးလေးလို ဖြစ်နေတဲ့ ရိပေါ်က ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်နေတဲ့ တစုံတယောက်ကို မြင်သည့်အခါမှာတော့ မျက်လုံးလေးတွေ ပြူးကျယ်လို့ နှုတ်ခမ်းလေးမှာ ပွင့်ဟသွားရသည်။

''ကိုကို! ''

''အာ ~ ကိုကိုကလဲ ရောက်နေတာတောင် မပြောဘူး
ဖုန်းကြိုဆက်ရောပေါ့ ''
_ရိပေါ်က ခပ်ချွဲချွဲလေးဆိုလေတော့ မျက်နှာတည်ကြီးနဲ့ အကြည့်တွေလွှဲထားတဲ့ ထိုလူကြီးဆီက မျက်ဝန်းညိုတွေကို လက်ခံရရှိလိုက်သည်။
''အမှန်က ဘယ်သူဖုန်းဆက်ရမှာလဲ babe"
''ကိုကိုကလဲ babe က ဆက်ချင်ပါတယ် ဒါမဲ့ခရီးပန်းလာလို့ ရေအရင်ချိုးလိုက်တာပါ ''
_စကားပြောနေရင်းက ဆိုဖာမှာထိုင်နေတဲ့ ရှောင်းကျန့်
လက်မောင်းကို ချိတ်တွယ်လို့ မျက်လုံးဝိုင်းကြီးတွေနဲ့ ဆိုလေတော့ တင်းထားသမျှစိတ်တွေ ပျော့ရတာက ရှောင်းကျန့်ပေါ့။
''အခုမှ ပြန်ရောက်တာပေါ့ ''
''အင်း အခုပဲ ''
_ဘယ်ကပြန်ရောက်တာလဲ လို့ ကိုကိုက ဆက်မမေးတော့သလို မေးလာခဲ့သည်ရှိသော်လဲ ရိပေါ်က ဖြေချင်မှဖြေမှာ ဖြစ်သည်။ရိပေါ်ရဲ့ ရင်ဘတ်ထဲ စိတ်နှလုံးသားထဲမှာ ရှောင်းကျန့်ဟာ ဘယ်လောက်လေးနက်မှုအတိုင်းအတာထိပဲ ရှိသလဲဆိုတာကို တကယ်သိချင်မိပါရဲ့...။
''ကိုကို ဒီနေ့ Company မသွားနဲ့ ''
''ကိုကို ဒီနေ့ appointment ယူထားတယ် babe''
''..... ''
''babe နေစေချင်သလား ကိုယ့်ကို ''
''အင်း ''
''အိုခေ. ကိုယ်မသွားတော့ဘူး ''
_အဲ့သည်လိုပါပဲ...ရှောင်းကျန့်က ရိပေါ်မျက်နှာ တချက်အညှိုးမခံပဲ အလိုလိုက်လွန်းသည်။ ဒီအလိုလိုက်မှုတွေကြောင့်ပဲ သူ့ကလေးက သူ့အပေါ်ဆိုးနေတာဟု
ရှောင်းကျန့်က မှတ်ယူလိုက်သည်။သူ့ကလေး ဘယ်လောက်ဆိုးဆိုး ချစ်နေရမှာက ရှောင်းကျန့်ရဲ့ ဘဝပေး တာဝန်တသ်ုခပင် ဖြစ်တော့သည်။

Day DreamsOnde histórias criam vida. Descubra agora