One and Only🍀

1.6K 71 0
                                    

Unicode💠

'' ရိပေါ်ရားးး ထတော့လေ ''
''......''
.
.
.
'' ဝမ်ရိပေါ်ထတော့လို့!! ''
_သီးမခံနိုင်တော့တဲ့ ရှောင်းကျန့်က အသံပါဝါကိုအားကိုးပြီး ထအော်ပါတော့တယ်။
ကျောင်းသွားဖို့အတွက် ရိပေါ်ကို
လာနှိုးရာကနေ သူပါ အိပ်ယာပေါ်ရောက်သွားတဲ့ အဖြစ်...။ရှောင်းကျန့်လက်ကို အတင်းဆွဲချ ခွဖက်ပြီး ပြန်အိပ်နေတဲ့ ဝမ်ပေါက်စီလုံးက ဆယ့်ငါးမိနစ်လောက် ဇိမ်ခံနေခြင်းဖြစ်တယ်။
"အွင်းးးး!"
"ထတော့ကွာ ကျောင်းနောက်ကျတော့မယ်"
_ရိပေါ်လက်က လွတ်သွားတဲ့ရှောင်းကျန့်က
ကုန်းထပြီး အနည်းငယ်တွန့်ကျေသွားတဲ့
ကျောင်းဝတ်စုံလေးကို လက်နဲ့ ပြန်ဖိချနေတယ်။ဝမ်ပေါက်စီကတော့ သန့်ရှင်းလုပ်ဖို့
ရေချိုးခန်းထဲ ဝင်သွားပြီ ဖြစ်တယ်။

ရှောင်းကျန့်နဲ့ဝမ်ရိပေါ်-
အလယ်တန်းကျောင်းသားဘဝထဲက အတွဲညီလာခဲ့ကြတဲ့ ငယ်ပေါင်းကြီးဖော်တွေ။
အချစ်ဆုံးသူငယ်ချင်းတွေ အရင်းနှီးဆုံးသူစိမ်းတွေအဖြစ်နဲ့ နေလာခဲ့တာ အခု တက္ကသိုလ်ရောက်တဲ့အထိပင်။ဝမ်ရိပေါ်က ငွေရေးကြေးရေးစိတ်ပူစရာမလိုတဲ့
မိသားစုကဆိုတော့ တက္ကသိုလ်ကို private uni မှာ international ကျကျတက်ဖို့ရွေးချယ်ခဲ့တယ်။တစ်ဦးတည်း
သော သူငယ်ချင်းလေးကိုလဲ မခွဲအတူရှိစေဖို့ ကူညီပေးရင်း တက္ကသိုလ်တူတူတက်ဖြစ်ခဲ့ကြသည်ပေါ့...။

............................................

"ရှောင်းကန့် မင်းချစ်သူရှိနေတာလား"
"ဟမ်! မ...မဟုတ်ပါဘူး"
_စာသင်ခန်းထဲကနေ အပြင်ကို ငေးနေတဲ့ရှောင်းကျန့်က ရိပေါ်စကားကြောင့် လန့်သွားရတယ်။သူခိုးလူမိသွားသလို ရွေ့လျားသွားတဲ့ ရှောင်းကျန့်မျက်လုံးတွေကို ရိပေါ်က စပ်ဖြီးဖြီးနဲ့ ကြည့်ရင်း
"အယ် အယ် ဟုတ်ပါတယ် မင်းချစ်သူရှိနေတာမလား "
"မဟုတ်ပါဘူးဆိုနေ"
"မင်းဘာလို့ အဲ့လိုထင်တာလဲ "
"မင်းခုတလော တနေရာရာကို ငေးပြီး
ပြုံးပြုံးနေတတ်တာ ငါသတိထားမိတာ ကြာပြီ .. မင်း ဘယ်ကောင်မလေးအကြောင်း
တွေးနေတာလဲ ပြောစမ်းပါ! "
_ရိပေါ်က သူသိပါတယ်ဆိုတဲ့ ဆရာကြီးစတိုင်နဲ့ ပြောလာတယ်။
**ပြောလို့မဖြစ်ဘူး ရိပေါ်...ပြောလိုက်ရင်
မင်းငါ့ကို အရမ်းစိတ်ဆိုးသွားမှာ..
ငါတောင်းပန်ပါတယ်.. သူငယ်ချင်းဖြစ်တဲ့
မင်းအပေါ် ငါ မရိုးသားတော့လို့..အဖြူရောင် သံယောစဥ်တွေကို ငါ အရောင်တွေ
ဆိုးမိခဲ့လို့ တောင်းပန်ပါတယ်... မင်းအနားမှာ ဒီတိုင်းလေး ရှိနေရုံနဲ့လဲ ငါအဆင်ပြေတာမို့ မင်းသိဖို့မလိုအပ်ပါဘူး...ရိပေါ် **

Day DreamsWhere stories live. Discover now