Race🖤

1K 61 2
                                    

Unicode🔰

တရုတ်နိုင်ငံ နယ်စပ် ,WenZhou မြို့
WenZhou အကျဥ်းထောင်

WenZhou အကျဥ်းထောင်ဆိုတာ တရုတ်မှာရှိတဲ့ အကျဥ်းထောင်တွေမှာ အဆိုးရွားဆုံး...
ထောင်ပေါင်း၁၂၀ရှိတဲ့ထဲမှာ ၁၁၉ခုက အကျဥ်းသားတွေကို
အသက်မွေးဝမ်းကျောင်း လက်မှုပညာတွေ သင်ပေးတယ်...
စာတွေသင်ပေးတယ်... ကျန်တဲ့တစ်ခု WenZhouကတော့
အဲ့လိုမျိုးဆိုတာ ဝေးသာဝေးပဲ... WenZhouဆိုတာ
အဆိုးဆုံးအကျဥ်းသားတွေပဲ သီးသန့်ထားတဲ့နေရာတခုလိုမျိုး...
အကျဥ်းသားတွေကလဲ အဆိုးဆုံးဖြစ်သလို Jailerတွေကလဲ
ကောင်းဖို့ဆိုတာ စိတ်တောင်မကူးမိကြဘူး...Jailerတွေက
ထောင်သားတွေထဲက တယောက်ယောက်ကို မကျေနပ်လို့
နှိပ်စက်သတ်ဖြတ်လိုက်ကြလဲ ဘာမှပြောမဲ့သူမရှိဘူး...
အဲ့သလိုပဲ ထောင်သားတွေက Jailerကိုအကြည်တာမျိုးရှိရင်
တော့ Jailerရဲ့ ကျန်းမာရေးကို အာမ မခံနိုင်ဘူး
ခြေလက်အစုံအလင်မရှိတော့မျိုးနဲ့ ကြုံရနိုင်ပြီလေ...
WenZhouက လွတ်တဲ့သူဆိုတာလဲ မရှိသလောက်ကိုရှားတယ်
တစ်သက်တစ်ကျွန်းချခံထားရတဲ့သူတွေလိုမျိုးပေါ့...

ဒါပေမဲ့ WenZhouက အကျဥ်းသားတွေကို လွတ်ဖို့အခွင့်အရေး
ငါးနှစ်တစ်ခါ ရတတ်ကြတယ်... သူတို့ဆိုင်ရာပိုင်ရာတွေရဲ့
သတ်မှတ်ထားတဲ့ ပြိုင်ပွဲတွေကို ဝင်ပြိုင်ကြရတယ်...
နိုင်တဲ့သူ တစ်ယောက်....တစ်ယောက်ထဲကပဲ ထောင်က လွတ်လွတ်ကျွတ်ကျွတ်ထွက်သွားနိုင်မယ်... သိပ်ကိုရက်စက်လွန်းတဲ့ ပြိုင်ပွဲ... သိပ်ကို ညစ်ပတ်လွန်းတဲ့ ပြိုင်ပွဲ..
ဒါကို အလုအယက်ပြိုင်ကြတဲ့သူတွေက တပုံကြီး...
ပြီးရင် အသက်တောင်ပြန်မပါလာတဲ့သူတွေကလဲ ပြိုင်ပွဲဝင်သူရဲ့
တဝက်လောက်၊ ကျန်တဝက်က ဒုက္ခိတဖြစ်...
တယ်လဲ ကိုယ့်ဒုက္ခကိုယ်ရှာတဲ့သူတွေကို ​ရှောင်းကျန့်က သိပ်စိတ်ကုန်... သိပ်စိတ်ပျက်...
​ရှောင်းကျန့်က အဲ့ပြိုင်ပွဲကို ကြုံရတာ နှစ်ခါရှိပြီ...ပွဲကြည့်ပရိတ်သတ်အနေနဲ့... ဒီနှစ်မှာတော့ သူဝင်ပြိုင်ဖို့ ဆုံးဖြတ်ထားတယ်... စိတ်ပျက်တယ်ဆိုပြီး ဘာလို့ဝင်ပြိုင်လဲ မမေးနဲ့...WenZhouက ပိုပြီး စိတ်ပျက်ဖို့ကောင်းလို့ ဖြစ်နိုင်ရင် တစက္ကန့်လေးတောင်
ထပ်ပြီး ရှိမနေချင်တော့ဘူး ဆယ့်လေးနှစ်ကျော် ဆယ်ငါးနှစ်တောင်နေပြီးပြီပဲ တော်ပြီပေါ့...ပြီးတော့ ဒီနှစ်ပြိုင်ပွဲမှာ
ကျိန်းသေ သူနိုင်မှာ...

Day DreamsDonde viven las historias. Descúbrelo ahora