အပိုင်း ၄ (အပိုင္း ၄)

Start from the beginning
                                    

"ခဗျား အပြင်ထွက်ပေးလို့ရမလား"

"ကိုယ်က ဒီနားမှာပဲနေချင်လို့ပါ"

"ခဗျား ရှိနေရင်ဆေးဘယ်လိုကုမလဲ...
ကျုပ်ကိုသက်သာစေချင်တယ်ဆို..."

"ကောင်းပြီ"

ဘယ်သူ့စကားမှမနာခံခဲ့တဲ့ ယွန်းဂီ
ဟိုဆော့၏ စကားလေးနည်းနည်းဖြင့် ချွဲပြလိုက်ယုံဖြင့် နာခံတတ်ခဲ့ပြီ...

ယွန်းဂီအပြင်ထွက်သွားမှ နှစ်ယောက်လုံးသက်ပြင်းချနိုင်၏။

"ဆရာက ဘယ်ရွာကလဲ"

"ဒီနားကရွာကပါ"

"ဒါဖြင့်ကျုပ်ကို ခေါ်ထုတ်သွားပေးမလား"

"ဟမ်...ဘယ်လို...မဖြစ်နိုင်ပါဘူး ကျွန်တော်သေသွားပါလိမ့်မယ်"

"ကျွန်တော့်ရွာကို ပြန်ရောက်တဲ့အခါ ခဗျားအတွက်အကျိုးမယုတ်စေရပါဘူး"

ဟုတ်ပါသည် ဟိုဆော့ကရွာမှာ ရှင်းဝူနဲ့နေတုန်းက လယ်တွေယာတွေအများကြီးရှိခဲ့သည်။

"ဒါ...ဒါပေမယ့် ဒါက ကျွန်တော့်အသက်ဆုံးမဲ့ ကိစ္စလေ"

"ဟူး...ဒါဖြင့် ခဗျားရွာကိုပြန်ရောက်တဲ့အခါ
မြို့ကိုတက်ပြီး ဂတ်ကိုသွားတိုင်​ချေ"

"...."

"ကျုပ်ပြောသလိုသာ ကူညီပေးပါ ခဗျားကျေးဇူးကိုမမေ့ပါဘူး ကျုပ်ဒီကထွက်ရမှဖြစ်မှာမို့ပါ"

မျက်ရည်စကလေးတွေ ဝေ့ကာ ပြောလာတဲ့
သူ့စကားကို ဘယ်လိုနှလုံးသားနဲ့လူကငြင်းဆန်နိုင်ပါ့မလဲ

"ကောင်းပါပြီလေ...ကျုပ်သွားတိုင်ပေးပါ့မယ်"

ဆေးကုပြီးပြန်ထွက်လာသောဆေးဆရာမှာ
အခန်းဝမှာ လက်ပိုက်လျှက်ဖြင့် သူ့ကိိုစိုက်ကြည့်နေသော ယွန်းဂီအကြည့်ကိုပြန်ပြီးမော်မကြည့်ရဲ

"အခြေအနေဘယ်လိုရှိလဲ"

"အား...အားနည်းနေလို့ပါ အားရှိတာလေးကျွေးပြီး ကျွန်တော်ပေးခဲ့တဲ့ဆေးကိုပုံမှန်လေးတိုက်ပေးရင် သက်သာသွားမှာပါ"

"ဆိုဘင်!"

"ဗျာ! ဆရာ"

"သူ့ကို သေချာလေးရောက်အောင်ပြန်ပို့ပေးလိုက်စမ်း"

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now