အပိုင်း(၁၃)

Start from the beginning
                                    

သူ့ရဲ့အပြစ်ကင်းသောမျက်နှာက သူမကို ထပ်မံ ရပ်တန့်သွားစေသည်
'ငါတို့ဒီစကားဝိုင်းသာ ဆက်သွားနေလို့ကတော့ ငါတော့ ပိုကြီးတဲ့တိုက်ခိုက်မှုနဲ့ ရိုက်ခံရနိုင်တယ်'

"မနောက်ကျခင်သွားရအောင်"
လုရှန်ရဲ့ရထားလုံးက စံအိမ်ရှေ့တွင်စောင့်ဆိုင်းနေခဲ့သည်
သူမ ဖြူစင်တဲ့လေးစားမှုနှင့် rapရွှတ်မိ‌ခဲ့သည်

'လုရှန်ကို ဧကရာဇ် ချီးမြင့်ထားတဲ့ ရထားလုံးဆိုတဲ့အတိုင်းပဲ မယုံနိုင်လောက်အောင် အံအားသင့်စရာပဲ'
ဘီးခြောက်လုံး ရထားလုံးက အရမ်းကြီးမားနေခဲ့သည် ပုံမှန်ရထားလုံးဆိုတာက ဒါနှင့်ယှဉ်နိုင်စရာမရှိပေ

ဆင်ဖြူတွေကနေရတဲ့ဆင်စွယ်တွေနဲ့ပြုလုပ်ထားတဲ့  အတွင်းပိုင်း အပြင်အဆင်တွေကလဲ တောက်ပပြီး အလျော့အတင်းမရှိတဲ့ ကိုယ်ထည်ပိုင်းကလဲ စစ်သည်ကာဒီယမ်ကို စိတ်ထဲစွဲထင်စေသည်

ရေစက်တွေ ပန်းပွင့်တွေ ဓားတွေ
ဘယ်သူလုပ်ခဲ့တာပဲဖြစ်နေပါစေ လုရှန်အတွက် လုံး၀ကိုပြီးပြည့်စုံနေခဲ့သည်

သူမ တင့်တယ်စွာကွေးနေတဲ့ ဒီဇိုင်းတွေကို ကြည့်နေစဉ် လုရှန်က သူ့လက်ကို ကမ်းလာခဲ့သည်
"အထဲ၀င်ကြစို့ လေဒီပါနေးရား"
သူ့လက်ကိုကိုင်ရင်း ရထားလုံးထဲ၀င်ပြီးနောက် သူမ ပိုပြီးအထင်ကြီးသွားခဲ့သည်

ချောမွေ့ပြီး တောက်ပနေတဲ့ လယ်သာခုံတွေကလဲ သူမအရင်မြင်ဖူးသော ဘယ်အရာနဲ့မှ မတူပေ ရထားလုံး စရွေ့တာတောင်မှ တိမ်တွေထဲရောက်နေသလို သက်တောင့်သက်သာဖြစ်နေခဲ့သည်
အမြင်မှာတော့အဆင်ပြေပေမဲ့ အားကုန်ပင်ပန်းစေသည့် သူမမိသားစု ရထားလုံးနှင့် ကွာခြားလေသည် အနည်းငယ်လေး‌ရွေ့ရုံနဲ့တင် သူမဖင်များ လောင်သွားလိမ့်မည်

'ဒါက ပိုက်ဆံရဲ့အရသာကကဘယ်လိုလဲဆိုတာပဲ'
ပိုက်ဆံရဲ့စွမ်းအားကို ခံစားရင်း သူမမျက်ခုံးများပင်လှုပ်လာခဲ့သည်
သူမနှင့်ဆန့်ကျင်ဘက်မှာထိုင်နေသော လုရှန် စိုးရိမ်သောအသံနှင့်မေးလာခဲ့သည်

"ဘာမှားလို့လဲ ကိုယ်ရဲ့လေဒီ တနေရာရာကများ မသက်မသာဖြစ်နေတာလား?"
"မဟုတ်ပါဘူး ဘယ်သူမှ ဒီလိုရထားလုံးနဲ့ မသက်မသာဖြစ်မှာမဟုတ်ဘူး ကျွန်မဒီလိုရထားလုံးနဲ့သာ တစ်နှစ်ပတ်လုံး ပတ်စီးနိုင်တယ်လို့ တွေးမိတယ်"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now