အိမ်ကမိဘတွေကိုတော့ ကျောင်းကနေလွှတ်တာဆိုပြီး ရွှီးထားရတယ်။ လိမ်တာမဟုတ်ဘူးနော်။ အမှန်ပြောတာပဲလေ။ သူ့ပိုက်ဆံတပြားမှမကုန်တာ ကျောင်းကလွှတ်တာနဲ့အတူတူပဲပေါ့။ လေယာဉ်စရိတ်ကအစ freeရတာကိုး။

အဲလိုနဲ့ 2nd semesterမတက်ခင် တစ်ပတ်အလိုမှာ Aussieကို သွားခွင့်ရတယ်။ ဂျယ်ယွန်းကလေးကိုတော့ ဘာမှပြောပြမထားဘူး။ အံ့ဩသွားမယ့်မျက်နှာလေးမြင်ယောင်ပြီး စိတ်ထဲ အထပ်ထပ်အခါခါ ကြည်နူးနေတာ။ နူးညံ့တဲ့ချောကလက်ဘရောင်းနီးစားလိုက်ရတဲ့အခါ လျှာပေါ်မှာအရည်ပျော်သွားသလို ချိုမြိန်တဲ့ခံစားချက်လေးရနေတော့တာ။

ဒီလိုနဲ့ လေယာဉ်ပေါ်မတက်ခင် airport toiletမှာ ခဏဝင် လက်ဆေးနေတုန်း အိမ်သာထဲက ထွက်လာတဲ့တစ်ယောက်နဲ့ တွေ့တယ်။ မှန်ထဲကနေ ရုတ်တရပ်မြင်လိုက်ရတာ။ သူကလဲ မှန်ထဲက ပုံရိပ်ကိုကြောင်ပြီး ကြည့်နေမိတယ်။ တဖက်လူကလဲ မှန်ထဲက သူ့ရုပ်ကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေတယ်။၊

"Yarrr ပတ်ဂျေး!!! မင်းက ဘယ်လိုလုပ်ဒီရောက်နေတာလဲ"

"မင်းကိုမေးရမှာ!! မင်းကမှ ဘယ်လိုလုပ်ဒီရောက်နေတာလဲ"

နှစ်ယောက်လုံးက Incheon International Airportရဲ့ immigrationဖြတ်ပြီးသူတွေသာဝင်လို့ရတဲ့ terminalအတွင်းပိုင်းထဲရောက်နေတာဆိုတော့ ဒါကခရီးထွက်ဖို့မှမဟုတ်ရင် တခြားဘာမှမဖြစ်နိုင်ဘူး။ အသိတစ်ယောက်ကိုလိုက်ပို့တာဆိုတဲ့ဆင်ခြေမျိုးက တုံးအနေတဲ့သူမျိုးပဲ ပေးလိမ့်မယ်။

"ငါ..ငါလား။ ငါက Brisbaneကို သွားမလို့လေ အဟမ်းဟမ်း"

"ငါကလဲ Seoulကို ခဏပြန်လာတာလေ အဟမ်း"

"မင်းက Seoulမှာ ဘယ်သူရှိနေလို့ ပြန်လာတာလဲ။ အိမ်လဲမရှိ၊ မိသားစုဝင်တွေလဲ တစ်ယောက်မှမရှိဘဲနဲ့များ"

"ဘယ်သူပြောတာလဲ အိမ်မရှိဘူးလို့"

ခပ်ပါးပါးနှုတ်ခမ်းလွှာတွေ အပေါ်ထောင့်နားလေးကော့ညွှတ်ပြီး ပြုံးပြုံးလေးမေးလာတဲ့ဂျေးရဲ့ မျက်နှာအမူအရာကိုကြည့်ပြီး ဆောင်းဟွန်းစိတ်ထဲ "ဟာ ဒီကောင်လုပ်ချလိုက်ပြန်ပြီလား"လို့ တွေးမိသွားတယ်။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now