အပိုင်း(၁၂)

Start from the beginning
                                    

"လေဒီ မင်းကတကယ်ကိုပဲ...."
'ဟုတ်တယ် ကြီးမြတ်တဲ့ နှာဗူးတစ်ယောက်လေ"

သူမ လုရှန်ကို ကြည်လိုက်သည်
‌တလက်လက်တောက်ပနေတဲ့ အလင်းရောင်အောက်မှာ မတ်တပ်ရပ်နေခဲ့တယ် လုရှန် ပြီးပြည့်စုံအောင် ကွက်တိကျနေတဲ့ အနက်ရောင် suitကို ၀တ်ထားခဲ့သည်

ဒီရာသီမှာ လူအဖွဲ့အစည်းတွင် ခေတ်စားနေသော ရိုးရှင်းသော suit ဒီဇိုင်းဖြစ်သည်
သူရဲ့ခပ်ကျယ်ကျယ်ပခုံးတွေ ကျစ်လစ်ကြွက်သားတွေနှင့် ခြေထောက်ရှည်ရှည်ကို ရှင်းရှင်းလင်းလင်း မြင်သာနေခဲ့သည် ဒီsuitက ထိုကဲ့သို့‌ခန္ဓာကိုယ်လိုင်းကို ပြသဖို့ ဒီဇိုင်းဆွဲထားခြင်းဖြစ်သောကြောင့်ပင်

Fittingအခန်းနားမှာ မတ်တပ်ရပ်နေကြတဲ့ အလုပ်သမားကတောင် သူ့ကိုငေးကြည့်နေခဲ့သည်
ဆိုဖာပေါ်မှာထိုင်နေသော သူမ အားရကျေနပ်သောမျက်နှာနှင့် လက်သီးကို တင်းတင်းဆုပ်ထားသည်

"ထင်ထားတဲ့အတိုင်းပဲ အနက်ရောင်suitတွေက ချောမောတဲ့ယောကျာ်းတွေအတွက် အကောင်းဆုံးပဲ"
လုရှန် စိတ်ရှုပ်ထွေးနေရင်း စိတ်ကျေနပ်နေသော သူမအား ကြည့်နေခဲ့သည်

"မင်း သေချာပေါက် ပြောခဲ့ပါတယ် မင်းက လှပပြီး တောက်ပတဲ့အရာတွေကို ကြိုက်တယ်ဆို"

"ဒါက  လှပပြီး တောက်ပတယ်လေ မဟုတ်ဘူးလား" (လုရှန်ကို ညွှန်းပြောနေတာပါ)
'ဒီစကားလုံးတွေနဲ့ ကိုက်ညီတဲ့ တခြားအရာရှိသေးလို့လား'

လုရှန်ဘာမှဆက်မပြောတော့ပဲ မျက်လုံးတွေကို အောက်ဆိုက်ထားသည် သူရဲ့ ရှက်စိတ်နှင့် သိက္ခာတို့က နီရဲရဲမျက်နှာပေါ်တွင် ပြသထားသည်
ချောမောတဲ့ယောကျာ်းတယောက် ရိုးရှင်းတဲ့အနက်ရောင်suit၀တ်ထားတာ မြင်ရခြင်းက သူမ အသောက်အစားရှောင်နေသလိုမျက်နှာမျိုး လုပ်‌နေမိသည်

'ဒါကထူးဆန်းတယ်'
ဒီလိုထူးဆန်းတဲ့ခံစားချက်တွေရှိနေတာ သူမတယောက်ထဲမဟုတ်ပေ အလုပ်သမားအနည်းငယ်ကလဲ နာနာကျင်ကျင် ညည်းညူနေခဲ့သည်
သူမကဲ့သို့ အထက်တန်း လေဒီတယောက်က ထိုကဲ့သို့ ဣန္ဒြေမဲ့သော အမူအရာမျိုး မပြသသောကြောင့် ဟူသော အကြောင်းပြချက်ကို ဖမ်းမိသွားခဲ့သည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now