အခန်း-(၁၀)

Start from the beginning
                                    

သူ မတတ်သာစွာ ရီမိတော့သည်။
ထိုသူကပဲ ဉာဏ်ကောင်းလွန်းနေတာလား သူ့အကြံအစည်ကပဲသိသာလွန်းနေတာလား

" အဲ့ကလေးမက ငါးကြီးကြီးတကောင် မိထားတယ်ဆိုတာသိလို့ မင်းပြန်ကပ်နေတာမလား "

" အကိုကြီးကိုတော့ ဘာမှ ဖုံးထားလို့မရဘူးပဲ ... ကျွန်တော်လဲ ငါးကြီးကြီး တကောင် နှစ်ကောင်မကဘူး သူမိထားလောက်တယ် ထင်ခဲ့တာ ... ခုတော့ သူတယောက်တည်း ရုန်းကန်နေတာပဲတွေ့တယ် မမိုက်ပါဘူး "

" ဟား ဟား ငါ့ကောင်တော့ လှည့်ခံနေရပြီထင်တယ် ... သူမိထားတာမှ အကြီးကြီးနော်  J Group က ဒါရိုက်တာလေ "

" ဘယ်သူ .. ဂျွန်ဂျုံးဂု ??? "

" ဘင်ဂို ..! ဟိုက မိန်းမရှိပြီးသားဆိုပေ့မဲ့ သူ့ကို အတော်လေးဂရုစိုက်တယ်ကြားတယ် "
ဂျွန်ဂျုံးဂုကို ထယ်ယောင်းအသိလို့သာ သူတွေးထားတာဖြစ်သည်။ ထို့ကြောင့်လည်း ထယ်ယောင်းမှ တဆင့် ရင်းနှီးရအောင် အတင်းဝင်ရောနေပေ့မဲ့ ထို ဂျစ်ကန်ကန်ကောင်စုတ်လေးက သူ့ကိုမြင်တိုင်း အော်ငေါက်ကာ အခွင့်မပေးပါ။ သူ့အစီအစဉ်တွေကြောင့်သာမဟုတ်ရင် ထိုကောင်စုတ်လေးအား သူ့အကြောင်းသိအောင် ဆုံးမပေးလိုက်ချင်သည်။

ခုတော့ သူတွေးထားတာ လွှဲနေခဲ့တာဖြစ်သည်။ ဒါပေ့မဲ့ ဒါယောင်းတယောက် ဂျွန်ဂျုံးဂုနှင့် ပတ်သက်နေတယ်ဆိုတာ မယုံနိုင်ဖြစ်နေတုန်းပင်။ သူနဲ့အတူရှိနေတဲ့ ဒီအတောအတွင်းမှာ သူမက ဂျွန်ဂျုံးဂုနှင့် အဆက်အသွယ်ရှိတဲ့ပုံစံ လုံးဝမတွေ့ရပေ။ ထိုအစား ဂျွန်ဂျုံးဂုကိုသူတွေ့မိတိုင်း ထယ်ယောင်းဘေးမှာသာဖြစ်သည်။

ထိုကြောင့်လည်း သူ့အတွေးတွေမှားသွားခဲ့တာ ဖြစ်မည်။

ဒါယောင်းဘက်ကလည်း သူ မသိအောင် တမင်ဖုံးကွယ်ထားသလား မသိနိုင်ချေ။

ကင်ဒါယောင်း မင်းလဲ လည်လာပြီပဲကိုး။

-----------------

ဒီနေ့ရုံးပိတ်ရက်ဖြစ်တာကြောင့် အတော်လေးနောက်ကျသည်အထိ သူအိပ်ရာမထသေးပါ။ ခေါင်းထဲ နေလို့သိပ်မကောင်းသည့်တိုင် တအားမဆိုးတာမို့ အိပ်ရာထဲမှာပဲ ဟိုလှိမ့်ဒီလှိမ့်နှင့် အပျင်းကြီးနေလိုက်သည်။

BetrayalWhere stories live. Discover now