အားလုံးပဲမေ့နေမယ်ထင်လို့ ရှေ့အပိုင်းလေး ပြန်ဖတ်ကြအုံးလို့ အကြံလေးပေးပါရစေ။
" ဒီတော့ မင်းဘယ်လိုလုပ်ပေးမှာလဲ "
" မပေးဘူး ပြောနေတာမှ မဟုတ်ဘဲဗျာ ခင်ဗျားကို ခဏလေးစောင့်ပေးဖို့ ပြောနေတာလေ "
" ငါ ဒီလောက်စောင့်နေပေးတာကိုက မင်းကံကောင်းလှပြီ ဂျူဟွန်း ... ငါ့အကြောင်းမင်းသိပါတယ် "
" သိပါတယ် အကိုကြီးရာ ... ကျွန်တော်တို့သိလာခဲ့တဲ့ နှစ်တွေလဲ မနည်းတော့ဘူး အဲ့ဒီမျက်နှာလေးထောက်ပြီး နည်းနည်းလောက် ထပ်စောင့်ပေးပါအုံး "
" တပတ် .. အဲ့ထက်ငါထက်မစောင့်ပေးနိုင်တော့ဘူး မင်းပေးရမဲ့ငွေ ဘယ်လောက်ဆိုတာတော့ သိပါတယ်နော် "
" ဒါပေါ့ .. စိတ်ချပါ ကျွန်တော် တပတ်အတွင်းရအောင် ရှာခဲ့မယ် "
" လေသံနားထောင်ရတာတော့ ငွေတွင်းတစ်တွင်းတွေ့ထားပြီထင်တယ် "
" ဟား ဟား ..ဒီလိုပါပဲ "
" မင်းအရင်ရည်းစားနဲ့ ပြန်ဆက်နေတယ်ဆို .. "
" ဝိုး အကိုကြီးကတော့ မသိတာမရှိဘူး တကယ့်နတ်မျက်စိပဲ ... "
သူ့ရှေ့က လူကောင်ထွားထွား၊ အေးစက်စက်မျက်နှာပိုင်ရှင်ကို အံ့ဩသလိုကြည့်ရင်း ပြောလိုက်သည်။
အသေးစားငွေချေးသည့် လုပ်ငန်းပိုင်ရှင်ဆိုသည့် မျက်နှာဖုံးနောက်ကွယ်တွင် များပြားလှသော လူမိုက်များ၏ ဂိုဏ်းခေါင်းဆောင်တယောက်လဲ ဖြစ်သော ထိုသူထံတွင် ဆိုးလ်မြို့တခုလုံး၏ သတင်းမှန်သမျှ အကုန်သိနိုင်သော အင်အားလည်း ရှိပေသည်။
" ဘယ်လိုလဲ အဲ့ ကောင်မလေးဆီက တော်တော်ရနေပြီလား "
" မနောက်ပါနဲ့ဗျာ ကော်ဖီဆိုင်ကဝန်ထမ်းလေးဆီက ကျွန်တော်က ဘာရမှာမလို့လဲ "
ထိုသူက သူ့အား မယုံသလို မျက်မှောင်ကျုံ့ကြည့်ရင်း ..
" ဂျူဟွန်းရေ .. မင်းအကြံတွေကို ဒီအကိုကြီးက အကုန်သိပြီးသားဆိုတာ ယုံလား "
" ဘာကိုပြောတာလဲ "
" မင်းကိုယ်တိုင်စွန့်ပစ်ခဲ့တဲ့ ကလေးမကို မင်းဆီစိတ်ပြန်လည်လာအောင် လုပ်ပြီး တဖက်ကပိုက်ဆံတွေ မင်းအိတ်ထဲဝင်လာအောင်လုပ်ဖို့က မင်းအကြံလေ "
YOU ARE READING
Betrayal
Random" သစ္စာမရှိတဲ့သူကို ကျွန်တော်ဘယ်တော့မှချစ်မှာမဟုတ်ဘူး " Taehyung " ကိုယ့်ဘဝမှာ မင်းနဲ့ အရင်ဆုံးဆုံခဲ့မိရင် သစ္စာဖောက်တယ်ဆိုတာ ရှိလာမှာ မဟုတ်ဘူး " Jung Kook