အပိုင်း(၁၁)

Start from the beginning
                                    

'ဒီယောကျာ်းကတော့ အခုက ကျေးဇူးတင်ပါတယ်ပြောရမဲ့အချိန်မဟုတ်ဘူး'

'သူကို တွေ့ရတာကလဲကောင်းပါတယ်လေ'

'မဖြစ်ဘူး မင်းရဲ့အကာအကွယ်ကို လျော့ချမပစ်သင့်ဘူး'

အက်စတယ်လာ ပါ၀င်လာရင် သူက ရူးသွားလိမ့်မည်
*ခရက်*

ဖြည်းဖြည်းချင်း တံခါးက ပွင့်လာခဲ့ပြီး သူ့ဖိနပ်သံကိုပင် သူမကြားနေရသည်
ထိုအသံကိုနားထောင်ရင်း သူမ အတွေးပေါင်းစုံ ရှိနေတော့သည်

'ငါမှာ အတိတ်မေ့ရောဂါရှိတယ်လို အခုပြောလိုက်ရင်ရော? အက်စတယ်လာနဲ့ လုရှန်အကြောင်း ငါ ဘာဆိုဘာမှမသိဘူး'

'သူသာ ဆက်ရှိနေရင် နင် ဘယ်လိုလုပ်မှာလဲ'

'သူ၀င်လာလာချင်း "အိုး ရုတ်တရက်ကြီး ကိုက်လာတယ်"လို့ အော်ပြီး လှိမ့်ပစ်ရင်ရော ဒါက နည်းနည်းတော့ အလုပ်ဖြစ်နိုင်သေးတယ်'

ဒါပေမဲ့ သူ အိပ်ရာဘေးချဉ်းကပ်လာတာ မြင်လိုက်ရတဲ့အခိုက်အတန့်၌ သူမစိတ်ထဲ၀င်လာတဲ့ ရူးနှံနှံအတွေးတွေကို ဖျက်ပစ်လိုက်တော့သည်

သူက ပန်းစည်းကြီး တစ်ခုကိုင်လာခဲ့တာကြောင့်ပင်
ထင်းရှားရှား ခရမ်းရောင် pansy ပန်းတွေ(ပေါင်ဒါပန်း လို့ပြောတယ်) ရာဂဏန်းကျော် ပါတာကြောင့်ပင်

"လေဒီ ပါနေးရား မတွေ့ရတာကြာပြီနော်"

ပန်းစည်းကြီးကနေ သူမမျက်လုံး မခွာနိုင်ပဲ သူအား ဖြေးဖြေးချင်း လှမ်းကြည့်လိုက်သည်
သူက သူ့မျက်လုံးတွေကို အဖြူရောင်လက်ကိုင်ပါဝါနှင့် အုပ်ထားခဲ့သည်

ထိုမြင်ကွင်းကို မျက်တောင်ခက်ရင်းကြည့်နေခဲ့သည်
"ရှင် တကယ်ကြီး မျက်လုံးကို ကာပြီး ၀င်လာတာလား"

"ကိုယ်ကတိပေးထားတယ်လေ" ပြောရင်း သူမဆီ ပန်းစည်းကြီးအား ပေးလာခဲ့သည်

သူမမျက်နှာရှေ့၌ ပန်းစည်းကြီးမှ ပန်းတွေရဲ့ ချိုမြမြအနံတွေရနေခဲ့သည်

"ဒါက မြန်မြန်ပြန်ကောင်းစေဖို့ပေးတဲ့လက်ဆောင်ပါ"

သူမ pansyပန်းရာကျော်အားကြည့်ပြီး သူဆီမှ ယူလိုက်သည် ပန်းစည်းကို ကိုင်လိုက်ချင်း ခလုပ်တိုက်မိသွားတော့သည် ဒါကြီးက တအားလေးတာပဲ

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now