အပိုင်း(၃၂)

Start from the beginning
                                    

ဝေမှူးပိုင်က အဖေဖြစ်သူ ဦးသန့်စင်မှူးကို
တစ်ချက်လှည့်ကြည့်လိုက်သည်။

သူ့မျက်နှာသည် တစ်ချက်ကလေးသော်မျှ
တွန့်ဆုတ်သွားသည့် အရိပ်အယောင်မရှိပေ။

"ဘယ်သူနဲ့ယှဉ်ယှဉ် ကျွန်တော်
သူ့ကိုပဲ ရွေးမယ် ဖေဖေ။
ကျွန်တော်မသေမချင်း သူ့ကို
လက်လွှတ်ပစ်လိုက်ဖို့
စိတ်ကူး ကျွန်တော့်ခေါင်းထဲမှာမရှိဘူး။
ကျွန်တော့်ဘဝမှာ
သူနဲ့အတူ ရှိရမှ ကျွန်တော်ပျော်ရွှင်နိုင်လိမ့်မယ်.."

တိကျပြတ်သားသည့်စကားကြောင့်
ဦးသန့်စင်မှူး နှစ်ခြိုက်စွာ ပြုံးလိုက်၏။

" မင်းပျော်ရွှင်ရာကို မင်းရွေးချယ်ရင် ..
ဖေဖေက အဲ့ဒီပျော်ရွှင်မှူကို ဖျက်ဆီးပစ်ဖို့
အတွေးမရှိပါဘူး ငါ့သားရယ်.."



____________________ __________






'Bby နားတာတော်လောက်ပြီ ။
စာလုပ်တော့..'

မနက်ခင်းပိုင်းတွင် စာလုပ်ပြီး၍
နေ့လယ် ထမင်းခဏစားပြီး ၊ ခဏနားသည့်
အနေဖြင့် ဧည့်ခန်းတွင်မေမေကြည့်နေသည့်
အိန္ဒိယ ဇာတ်လမ်းတွဲတစ်ခု ကို ရှန်ခွန်းနောင်ပါ
အတူထိုင်ကြည့်နေခြင်းဖြစ်သည်။

၅ ပိုင်းမျှပြီးသည့်အချိန်တွင်တော့
လက်ထဲတွင် ကိုင်ထားသည့် ဖုန်းဆီသို့
ကိုကို့ဆီမှ message ဝင်လာခဲ့တော့သည်။

'ခဏ ကိုကို ဒီမှာ ဇာတ်ကားကကောင်းနေလို့..'

Reply ပြန်လိုက်ပြီးTVကိုသာ
အကြည့်ပြန်ပို့လိုက်သည်။

သိတယ်မဟုတ်လား...။
စာကျက်ရမည့်အချိန်ဆိုလျှင်.. ပုရွတ်ဆိတ်နှစ်ကောင် လမ်းလျှောက်သွားတာလည်း
စိတ်ဝင်စားစရာကောင်းသလို ၊
ကိုယ့်ကို လာကိုက်နေသည့်ခြင်ကိုလည်း
သေသေချာချာ သုတေသန လုပ်ချင်သည်။

တစ်ခါမှ မကြိုက်ဖူးသည့် ဇာတ်လမ်းသည်လည်း
တစ်ဝက်က ဖောက်ကြည့်တာတောင်
အလွန်စိတ်ဝင်စားဖွယ်ဖြစ်နေ၏။

'TV ကြည့်နေရမယ့်အချိန်မဟုတ်ဘူး။
စာမေးပွဲက တစ်ပတ်ပဲလိုတော့တယ်'

RO ( ရို ) (Completed)Where stories live. Discover now