အပိုင်း ၁၀၀ : ပါရမီရှင် ကလေးတွေရဲ့ လမ်းစဉ်ဟာ အတားအဆီးတွေ အားလုံးကို ဖယ်ရှားဖို့

567 78 0
                                    

အပိုင်း ၁၀၀ : ပါရမီရှင် ကလေးတွေရဲ့ လမ်းစဉ်ဟာ အတားအဆီးတွေ အားလုံးကို ဖယ်ရှားဖို့ပါ

"ဘာတွေများ ဖြစ်သွားတာလည်း?" ဒီကြေမွသွားတဲ့ သလင်းကျောက်ကနေပြီး အဖြူရောင် အလင်းတန်း တစ်ခုက ထွက်လာခဲ့ကာ… လူတစ်ယောက်ရဲ့ အသံကို ကြားခဲ့ရတယ်လေ။

ဝတ်စုံနက်နဲ့ လူကလည်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်ပြီးမှ ပြောပြခဲ့ပါတယ်။

အချိန်အနည်းငယ်လောက်ကြာအောင် တိတ်ဆိတ်သွားပြီးမှ… အခြားလူက သူ့ရဲ့ပါးစပ်ကို ဟလိုက်ပြီး… "အင်း… အခု လတ်တလောမှာပဲ ဂိုဏ်းကနေပြီး မင်းတို့ဆီကို အင်အားဖြည့်ပေးဖို့ တပည့်တွေကို လွှတ်လိုက်တယ်… တစ်ချိန်ထဲမှာပဲ သူတို့လည်း အတွေ့အကြုံတွေ ရသွားတာပေါ့…"

ဒီဝတ်စုံနက်နဲ့လူရဲ့ မျက်နှာပေါ်က အမာရွတ်ဟာ တွန့်သွားခဲ့ပြီး… ရင်ထဲကနေပြီး သက်ပြင်းတစ်ချက်ကို ချလိုက်ပါတယ်။ ဒီလိုနဲ့သာဆိုရင်… တစ်ဘက်သားက သူတို့ရဲ့ အထဲကို တစိမ့်စိမ့်နဲ့ ဝင်ရောက်လာခဲ့ပြီး… သူတို့ကို ထိန်းချုပ်နိုင်မှုကလည်း ပိုပြီးတော့ ကောင်းလာမှာပါ။

ဒါပေမဲ့လည်း သူဟာ ငြင်းဆန်နိုင်ဖို့ အင်အားမရှိခဲ့ပဲ… ရိုသေစွာနဲ့ပဲ ပြန်ပြောလိုက်ရတယ်လေ.. "ဟုတ်… ကျွန်တော်တို့ဘက်က ပြင်ဆင်ထားလိုက်ပါ့မယ် ခင်ဗျ…"

ဒီလူကလည်း ကောင်းပြီလို့ ပြန်ပြောအပြီးမှာ… ရုတ်တရက်ပဲ ရည်ရွယ်ချက် မရှိတဲ့ပုံနဲ့ မေးလိုက်ပါတယ်… "ဪ.. ဒါနဲ့ အရင်တစ်ခေါက်တုံးက မင်းတို့ကို ဇူရီကို ပြန်ဖမ်းဖို့ အမိန့်ပေးထားတယ်မလား… ဘာများထူးသလည်းကွ?"

ဝတ်စုံနက်နဲ့လူကလည်း… "ဟုတ်… ကျွန်တော်တို့က သူဟာ ချင်အင်ပါယာရဲ့ တောင်ပိုင်းနယ်စပ်က ချူကျိုးမြို့မှာ တစ်ခေါက်ပေါ်လာတယ်လို့ ကြားမိပါတယ်… ဒါပေမဲ့လည်း သူ့ရဲ့နေရာ အတိအကျကိုတော့ သေချာမသိပါဘူးဗျ…"

"အင်း… ကောင်းပြီလေ။ မင်းတို့တတွေကလည်း ဒီနေရာကနေ မြန်မြန်ရှောင်ကွ…."

ဒါပေမဲ့လည်း ဒီဝတ်စုံနက်နဲ့လူဟာ ဒီလူက ကိုယ့်ကိုယ်ကိုယ် တီးတိုးရေရွတ်နေသံကိုလည်း တိုးတိုးလေး ကြားခဲ့ရပါသေးတယ်။ "ဟာ… ဝတ်ရုံဖြူနဲ့ တာအိုဝတ်စုံကို ဝတ်ထားတဲ့ တာအိုဆရာငယ်လေး? ဒီလူက အခုတလောမှာ တော်တော်ကိုပဲ တက်ကြွနေပါလား… ငါက ဘာဖြစ်လို့များ ဒီလူကို တစ်ခါမှ မကြားဖူးပါလိမ့်.."
ဒီလူကသူ့ကို မမြင်တွေ့နိုင်တာကို ကောင်းကောင်းကြီး သိနေပေမဲ့လည်း… ဝတ်ရုံနက်နဲ့လူဟာ သူ့ရဲ့ခေါင်းကို ငုံ့ထားခဲ့ပြီး ချောင်းပြီးတော့မှ မကြည့်ရဲခဲ့ပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now