❀3

195 23 4
                                    

Theme Song : Only You
(The Flying Pickets ) 552022

....

အပူအနည်းငယ်ကဲတာကလွဲလို့ မန္တလေးက နေလို့မဆိုးတဲ့ မြို့ထဲမှာ ပါတယ်။

တောင်ပေါ်သားတစ်ယောက်အဖို့ အစပိုင်းမှာ နေရတာ သိပ်အသားမကျပေမယ့် ရက်တွေတရွေ့ရွေ့ကုန်လာတာနဲ့အမျှ သူ့ဟာနဲ့သူ သဟဇာတဖြစ်သွားတယ်ပဲ ဆိုပါတော့။

တိုက်တန်းမှာ ရှိတဲ့ လူတချို့နဲ့တောင် အခုဆို ရင်းနှီးနေပြီ။

ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဒီကာလမှာ ဆရာဝန်တွေက ဘယ်နေရာရောက်ရောက် ပတ်ဝန်းကျင်ရဲ့ အားကိုးခြင်းကို ခံရတယ်။

ဘေးအခန်းက မင်းလေးကလွဲလို့ တစ်တိုက်လုံးက ကိုယ့်ကို 'ဆရာ သက်ငြိမ်' 'ဆရာ သက်ငြိမ်' နဲ့ ပါးစပ်ဖျားက မချတဲ့ အထိပါပဲ။

" ဆရာရေ... ဆရာ "

ပြောရင်းဆိုရင်းပဲ အခန်းတံခါးကို အားကိုးတကြီးလာခေါက်သံကြားရတယ်။
ကိုယ့်ဆီလာတဲ့လူအားလုံးက မကျန်းမာလို့လာကြတဲ့သူတွေချည်းဆိုတော့ တံခါးခေါက်သံကြားတိုင်း ကိုယ့်မှာရင်တထိတ်ထိတ်နဲ့။

" အစ်မကြီး ဘာဖြစ်လို့လဲ "

ကိုယ်မေးလိုက်တော့ ရေးကြီးသုတ်ပျာရောက်လာတဲ့ အောက်ထပ်က ဒေါ်ရွှေမိက သက်ပြင်းတစ်ချက်ချတယ်။ပြီးတော့

" ရွှေကျေးရယ်လေ... လည်ပင်းနာတယ်ဆိုလို့... ခေါင်းမူးတယ်လည်း ပြောနေတယ်... အဲ့တာ ဟိုဒင်း.. "

ဒေါ်ရွှေမိက အသက်ကြီးမှရတဲ့ သူ့သမီးအငယ်ဆုံးလေးကို သိပ် သဲသဲလှုပ်တယ်။
နှာချေရင်တောင် သူ့မှာ အနွေးထည်ကောက်ဝတ်ပေးတတ်တာ။
အခု လည်ပင်းနာတယ်လည်းဆိုရော သူ့မှာ ပျာယာတွေကိုခတ်လို့ပဲ ။

" ဗိုင်းရပ်စ်အကူးခံရတဲ့ လက္ခဏာမဟုတ်ပါဘူး အစ်မကြီး... သိပ်မစိုးရိမ်ပါနဲ့... ကလေးက မဖျားဘူးမလား "

" ဖျားတာတော့ မဖျားဘူး... ဒါပေမယ့် ခေါင်းမူးတယ်ဆိုလို့လေ "

" နွေရာသီဆိုတော့ ချွေးထွက်များလို့ အားယုတ်ပြီး မူးတာပါ... လည်ပင်းနာတာကတော့... သူရေခဲရေ သောက်လား ဒါမှမဟုတ် အအေးစာတွေစားတာမျိုး ရှိလား"

ကံ့ကော်ပွင့်ချိန် Where stories live. Discover now