❀9

119 20 1
                                    

Theme Song :
တစ်နေ့နေ့တော့ ချစ်၍ လာလိမ့်မည်...
(Htoo Eain Thin)
12122022

" ကျွန်တော့် ဇာတ်လမ်းမှာ အသုံးချချင်ရင် အသုံးချဖို့ လူက အရံသင့်ရှိပါတယ်... "

'တွဲကြမလား' ဆိုတဲ့ ကိုယ့်စကားကြောင့် ဆွေးမြေ့စွာ ရယ်မောရင်း ဆိုလာတဲ့မင်း ။

ဖွာနေတဲ့ ဆံသားအိအိတွေနဲ့ မျက်ရည်ဝိုင်းနေတဲ့ ပုံသဏ္ဍာန်လေးက ကြေကွဲဖွယ်ရာ စိတ္တဇပန်းချီကားတစ်ချက်လိုပဲ ။

" ကိုကျော်အောင် ထင်ပါရဲ့... "

ကိုယ့်ထင်မြင်ချက်ကို ပါးပြင်ပေါ် မျက်ရည်တစ်စက်စီးကျရင်း နှာတစ်ချက်ရှူးခနဲ မှုတ်ရင်း မင်းက ခပ်ပြုံးပြုံးခေါင်းညိတ်ပြတယ် ။

" ကျွန်တော်သာ အသုံးချချင်ရင် ကိုကျော်အောင် ကို အသုံးချလိုက်တာ ကြာပါပြီ...  ဒီလိုသာဆို သူ့ သူငယ်ချင်းတွေလည်း ကျွန်တော့်ကို မုန်းကြမှာ မဟုတ်ဘူး... "

'မင်းကို မုန်းကြတယ်' ဆိုတဲ့စကားကြောင့် ခပ်အေးအေးနားထောင်နေတဲ့ ကိုယ် မခံမရက်နိုင် ဖြစ်သွားမိတယ်။

ပြီးတော့ ချက်ချင်းပဲ မင်းရှိရာ နောက်ကို လှည့်လိုက်ပြီး

" မင်းကို ဘာလို့ သူတို့က မုန်းကြရတာလဲ "

" ကျွန်တော်က ကိုကျော်အောင့် အသဲကို ခွဲလို့တဲ့လေ... "

အသဲကို ခွဲရအောင် မင်းတို့က ဘာမှဆိုင်တဲ့ ဆက်ဆံရေးတွေမှ မဟုတ်ကြဘဲ ။

" လောကကြီးမှာ လူတွေရဲ့ အတွေးတွေက ဘယ်လောက်တောင်ကွဲပြားကြလဲ ခင်ဗျားသိလား... "

မင်းဟာပြောရင်း ကောင်းကင်ပေါ်က မြောက်များစွာသော ကြယ်တွေကို  မော့ကြည့်နေတယ် ။

" ကျွန်တော့် အတွေးမှာ ကျွန်တော်က ကိုကျော်အောင်ကို တကယ်မကြိုက်ဘဲ အပျော်သဘောတွဲလိုက်ရင် ကိုကျော်အောင့်အပေါ်  ရက်စက်ရာကြမယ်လို့ ထင်တယ်...  ကိုကျော်အောင်နဲ့သူ့သူငယ်ချင်းတွေ အမြင်မှာကျတော့ ကျွန်တော်က ကိုကျော်အောင့်အပေါ်  စိမ်းစိမ်းကားကားတွေလုပ်လို့ အသဲနှလုံးမရှိသူလို့ မြင်တယ်လေ... "

မင်းစကားကြောင့် ကိုယ်ဟာ ဆုပ်ကိုင်ထားဆဲ မင်း လက်ဖမိုးလေးကို ပိုလို့ တင်းသွားအောင် ဆုပ်ကိုင်လိုက်မိတယ် ။

ကံ့ကော်ပွင့်ချိန် Kde žijí příběhy. Začni objevovat