❀2

244 23 2
                                    

Theme Song : That Tant Pone Pyin (Kaung Myat) 2742022

.......

နောက်တစ်နေ့မနက်ရောက်တော့ ကိုယ့်အခန်းနံဘေးက မင်းအခန်းလေးက တိတ်ဆိတ်လို့နေတယ် ။
ညတစ်ရေးနိုးချိန်တုန်းက ကြားရတဲ့ သီချင်းသဲ့သဲ့လေးလည်း မကြားရတော့ဘူး ။

' ဘေးခန်းက ကောင်လေးက အထူးအဆန်းလေး '

အဒေါ့်စကားကို ပြန်ကြားယောင်မိတော့ ကိုယ့်မှာ သာသာလေး ပြုံးမိပါရဲ့။
မင်းလေးက ညဆိုမအိပ် ၊ မနက်ဆို မ ထ တဲ့ အထူးအဆန်းလေးများလား ။

တကယ်ပဲ ကိုယ်ထင်တာ မှန်နေပါတယ်။
နေမွန်းတည့်ချိန်ထိ မင်းအခန်းက လိုတာထက်ပိုပြီး တိတ်ဆိတ်နေတယ် ။

တစ်သက်မှာ တခါမှဒီလို မကြုံဖူးတော့ ကိုယ့်မှာ မင်းအခန်းတံခါးကို ခပ်ကြမ်းကြမ်းသွားခေါက်မိတော့တယ် ။
အထဲမှာ အိပ်နေတာမဟုတ်ဘဲ တစ်ခုခုများ ဖြစ်နေရင် ဘယ့်နှယ်လုပ်ပါ့မလဲ။

" ဘယ်သူလဲ မသိ... "

တံခါးဂျက်က ချောက်ခနဲ အသံကြားရပြီးတော့ မင်းအသံလေး ထွက်လာတယ်။
ကပိုကရိုဖြစ်နေတဲ့ ဆံပင်တွေနဲ့ မပွင့်တပွင့် မျက်လုံးလေးတွေကိုကြည့်ပြီး...
အင်း...  ကိုယ်တော့ အချိန်မှားလာခဲ့ပြီ ထင်ရဲ့ ။

" ဘာရှိလို့ပါလဲ! "

စကားလုံးတွေက မရိုင်းပေမယ့် မင်းလေသံလေးက ခပ်ဆတ်ဆတ် ။

" ဆောရီးပါ အခန်းက အရမ်းတိတ်ဆိတ်နေတော့... "

" ကျွန်တော်အိပ်နေတာပါ...  ဘာမှ မဖြစ်ပါဘူး "

ကိုယ်သိချင်တဲ့ အဖြေကိုပေးပြီးတော့ ချက်ချင်းပဲ မင်းလေးက ထွက်ပြေးဖို့ လုပ်ပြန်ပါပြီ ။
ပိတ်ခါနီးဆဲဆဲ အခန်းတံခါးနား ကိုယ်အသာလေး ခြေထိုးကလန့်လိုက်တော့ မင်းက 'ဘာရှိသေးလို့လဲ' ဆိုတဲ့ပုံလေးနဲ့ မော့ကြည့်လာတယ်။

" ၁ နာရီတောင် ထိုးနေပြီ...  မနက်စာ မစားဘူးလား "

" ကျွန်တော် ဒီလိုပဲ အိပ်နေကျမလို့... ဖယ်ပေးပါတော့ အိပ်ချင်လို့ပါ "

တောင်းဆိုသံတစ်ဝက် ငြူစူသံတစ်ဝက်နဲ့ ဆိုလာတဲ့ မင်းပုံစံလေးက ပြိုတော့မယ့်မိုးလို ။

ကံ့ကော်ပွင့်ချိန် Where stories live. Discover now