Part-11

20.5K 1.2K 14
                                    

Hot pot City

Away စီပြန်လာလုပ်ဖို့ သွေးကြောနန်းတော်ကို ချော့တဲ့နည်းက ဟော့ပေါ့လိုက်ကျွေးခြင်း..။ Google ကနေရိုက်ရှာထားတဲ့ ချစ်သူကို စိတ်ကောက်ပြေအောင်ချော့နည်းထဲက ဟော့ပေါ့ကျွေးတဲ့နည်းကို လောလောလတ်လတ်အသုံးပြုလိုက်တာဖြစ်သည်။

လူကအမြဲတမ်းစည်နေတဲ့ဆိုင်ဆို‌တော့ နေ‌ရာကောင်းတခုကို ဘိုကင်ကြိုတင်ထားလိုက်ကာ ဟိုလူ့ကို ၀င်ခေါ်ရအုံးမည်။

"သွေးကြောနန်းတော်"

နေ့လည်စာစားချိန် ကော်ဖီစက်နားမှာ ကော်ဖီသောက်နေတဲ့လူရဲ့လက်ကိုဆွဲလိုက်‌တော့ သူ့ကိုအလန့်တကြားကြည့်လာတဲ့မီးခိုးရောင်မျက်၀န်းတွေ..။

အမြဲ အရောင်နုလေးတွေ၀တ်တတ်တာ‌ကြောင့် ခပ်ပါးပါးခန္ဓာကိုယ်လေးနဲ့ဆံနွယ်ကောက်နက်နက်လေးတွေကို အမြဲချထားတတ်တာမို့ နောက်ကကြည့်လည်း သွေးကြောနန်းတော်မှန်းသိသာသည်။

"ကျုပ်နဲ့လိုက်ခဲ့ပေး"

"မလိုက်နိုင်ပါဘူး ငါအလုပ်ရှိသေးတယ်"

"ကျစ်!! ကျုပ် ပွေ့ချီသွားမှာနော်"

"မင်း!!!"

ဘာဖြစ်လဲဆိုသည့် သဘောမျိူး မျက်ခုံးတဖက်ကိုပင့်ပြလိုက်တော့ ဒေါသထွက်နေသည့် မျက်နှာဖြူဖြူလေးက ရဲပလောင်းခတ်လို့။

ပွေ့ချီသွားမယ်ဆိုပြီး ချိန်းခြောက်မှ လိုက်လာတဲ့ သွေးကြောနန်းတော်ကို ကားပေါ်တင်ပြီးတာနဲ့ hot pot cityကို ဦးတည်လိုက်သည်။

"နေ့လည်စာမစားရသေးဘူးမလား"

"အင်း"

"ကျုပ်နဲ့လိုက်စားပေး"

"ဟင်"

ဘေးနားက တဟင်ဟင်နဲ့လူကို ဘာမှဆက်မပြောချင်တော့တာကြောင့် ကားကိုပဲ ဂရုစိုက်ပြီး မောင်းနေလိုက်တော့ ဘေးကလူကလည်း ဟိုဘက်ကိုလှည့်ကာ ပြတင်းပေါက်ဘက်ကိုကြည့်နေသည်။

ကားထဲကလေထုက ရုတ်တရတ်တိတ်ဆိတ်သွားပေမယ့် သူကတော့ ဂနာမငြိမ်။ခံတွင်းချဉ်လာတာကြောင့် မာဘိုရိုကိုတောင်းတနေတဲ့ ခံစားချက်က ခပ်ပြင်းပြင်း။

ALLURE (မောင့်ရဲ့ညို့ဓာတ်) (COMPLETED)Where stories live. Discover now