အပိုင်း(၂၉)

Start from the beginning
                                    

ကိုကိုက ဘာမှမပြောလာတော့ဘဲ
အဝတ်အစားတစ်စုံနဲ့ ဗီရိုထဲမှ တဘက်တစ်ထည်ကို ဆွဲယူ၍ ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။

ထိုအခါမှ ရှန်ခွန်းနောင် ကိုယ့်ခုတင်နေရာဆီကို
ပြန်လျှောက်လာကာ ထိုင်လိုက်မိသည်။

လမ်းတုန်းက
ကိုဉာဏ်လင်းသွေးက တတိယနှစ်ကစပြီး
စီနီယာတွေက ..
ဂျူနီယာတွေနဲ့ အတူ ဟိုတယ်ခန်းတွေမှာမနေဘဲ
ဘန်ဂလိုတွေမှာသာ သုံးယောက်တွဲ၊
လေးယောက်တွဲစသည်ဖြင့် နေမည်ဟု ပြောခဲ့ခြင်း
ဖြစ်သည်။

ပြီးတော့ ကိုကို့မှာ သူ့သူငယ်ချင်း
ကိုမင်းခန့်အောင်လည်းပါတာကြောင့်..
နှစ်ယောက်အတူပဲနေလောက်မယ်ထင်ခဲ့တာ..။

ရေချိုးခန်းထဲမှ ရေကျသံကို နားထောင်ပြီး
ရှန်ခွန်းနောင် ပြုံးလိုက်မိပါသည်။

ဖုန်းကလည်း အားသွင်ထားတာကြောင့်
TV ကို ထဖွင့်လိုက်သည့်အခါ ..ဟာသအစီအစဉ်
တစ်ခုကို ပြနေသည်။

ခဏအကြာတွင်
ရေချိုးခန်းထဲမှ ကိုကို ထွက်လာခဲ့သည်။

တီရှပ်လက်ရှည် အပြာနုနဲ့ ချည်သားဘောင်းဘီ အဖြူကို ဝတ်ထားသည့်ကိုကိုက
ရေစိုဆံပင်တွေကို တဘက်နဲ့သုတ်ရင်းဖြင့်
သူ့ခုတင်တွင် သွားထိုင်ကာ TV တွင်
ပြနေသည့် အစီအစဉ်ကို ကြည့်နေလေသည်။

ရှန်ခွန်းနောင်လည်း .. ရေချိုးရန်အတွက်
ရေချိုးခန်းထဲကိုသာ ဝင်လာခဲ့လိုက်တော့သည်။

ကျန်ရှိနေသေးသည့် ဆပ်ပြာနံ့သင်းသင်းက
ကိုကို သုံးသွားခဲ့ခြင်းဖြစ်မည်။

အဝေးကို ပြေးမယ်လို့ တွေးခဲ့သူက သူပဲဖြစ်ပြီး
ရင်ခုန်သံတွေကို မထိန်းချုပ်နိုင်တာကလည်း
သူပဲဖြစ်နေသည်။

ရှန်ခွန်းနောင် ရေချိုးပြီး၍ ထွက်လာသည့်အခါ..
ခုတင်ခေါင်းရင်းကို မှီ၍ ဖုန်းသုံးနေသည့် ကိုကို့ကို
တွေ့လိုက်ရသည်။

ဆံပင်ကို ရေအနည်းငယ်စင်ရုံလောက်သာ သုတ်၍
ခေါင်းရင်းတွင် အားသွင်းထားသည့် ဖုန်းကို
မနက် ၈ နာရီ alarm ပေးလိုက်ပြီး
စောင်ခြုံကာ ကွေးလိုက်မိသည်။

RO ( ရို ) (Completed)Where stories live. Discover now