အပိုင်း(၂၉)

Comenzar desde el principio
                                    

နံရံကပ်ဗီရိုကို ဖွင့်ကြည့်လိုက်သည့်အခါ
bathrobe အဖြူနှစ်စုံ၊ အခန်းတွင်းစီး
ဖိနပ်အပါးနှစ်ရံနှင့်
မွှေးပွတဘက်နှစ်ထည်ကို သပ်ရပ်စွာ
ချိတ်ပေးထားသည်ကို တွေ့လိုက်ရသည်။

တခြားကျောင်းကကျောင်းသားတွေ ပြောကြသလို
Pacific Private university တွင်
တက်ခွင့်ရလျှင်ဖြင့်
အဖက်ဖက်မှ ကောင်းပေ့ညွန့်ပေ့ဆိုသည့်
အခွင့်အရေးတွေက ပြေးမလွတ်ပင်။

Sea view ပါသည့် ဟိုတယ်ဖြစ်၍
ရှန်ခွန်းနောင်တို့အခန်း၏ လိုက်ကာအဖြူစကို
ဆွဲဖွင့်လိုက်လျှင် ပင်လယ်ကို
တွေ့မြင်ရမည်ဖြစ်သည်။

သို့သော် ရှန်ခွန်းနောင်ကတော့ နေရာစိမ်းဆိုလျှင်
သရဲကြောက်တတ်သည့် မကောင်းတတ်သည့်
အကျင့်ရှိတာကြောင့် နံရံနှင့်ကပ်လျက်
အတွင်းဘက် ခုတင်ကိုသာ ယူလိုက်၏။

ဖုန်းကို  အားသွင်းနေသည့်အချိန်တွင်
အခန်းတံခါးခေါက်သံကို ကြားလိုက်ရသည်။

အတူနေရမည့်သူလာတာပဲဖြစ်မည်။

အခန်းတံခါးကို ပြေးကာ ဖွင့်ပေးလိုက်
သည့်နောက် တွေ့လိုက်ရသည့်သူကြောင့်
ရှန်ခွန်းနောင်ရဲ့ မျက်လုံးလေးတွေပင်
ဝိုင်းသွားခဲ့သည်။

ရင်ခုန်သံက လှပ်ခနဲ..။ 

အခန်းရှေ့တွင်ရပ်နေသူက ကိုကို။

အတန်ကြာအောင်ပင် သူငေးကြည့်နေမိသည်။

" မဝင်ခိုင်းတော့ဘူးလား.."

ပြောလာသည့် ကိုကို့အသံက အနိမ့်အမြင့်
အတက်အကျမရှိ ခပ်မှန်မှန်သာ။

ရှန်ခွန်းနောင် ခေါင်းရမ်းကာ
ကိုယ်လေးကို ဘေးသို့ ဖယ်ပေးလိုက်မိသည်။

ကိုကိုက သူ့ luggage ကို နေရာချပြီး ဖုန်းကို
အားသွင်းပြီးသည်ထိရှန်ခွန်းနောင် နေရာမှမရွေ့မိ။

" မင်းရေချိုးခန်းသုံးတော့မှာလား..
ကိုယ် သုံးမလို့

ကိုကိုက သူ့ကို ကြည့်ကာ မေးလာခြင်းဖြစ်သည်။

ဒုတိယအကြိမ်မြောက် သူခေါင်းကို
ရမ်းပြလိုက်မိပြန်သည်။

RO ( ရို ) (Completed)Donde viven las historias. Descúbrelo ahora