သူမစကားကို ဆုံးအောင်နားထောင်ပြီးတာနဲ့ထွက်သွားတဲ့ သားကို မတားလိုက်နိုင်။ တော်ရုံ ကလန်ကဆန်လုပ်ခဲတဲ့ ကလေးက အဲ့သွေးကြောနန်းတော်ဆိုတဲ့တစ်ယောက်နဲ့ပတ်သတ်ရင် မရတော့။

'ဝူးးး'

စိတ်တိုတိုနဲ့ကားကိုလမ်းနဲ့ပွတ်ဆွဲပစ်လိုက်တော့ ထွက်လာတဲ့အသံကျယ်ကြီး။ ဒီနေ့စိတ်ကဘယ်လိုမှအဆင်မပြေ...ခရီးကပြန်ရောက်တည်းက သွေးကြောနန်းတော်က သူ့ကိုအဆက်အသွယ်တောင်မလုပ်။ သူကလည်းမလုပ်ဖြစ်။ လက်ထပ်တော့မယ့် လူနှစ်ယောက်လို့သာဆိုတယ် သူစိမ်းတွေလိုလုပ်နေကြတုန်း။

ဟိုကနေပြန်ရောက်ပြီးတည်းက သူ့စီကို လာတောင်မလာ‌တော့...အန်ကယ်အောင်မြင်စီမှာပဲ အလုပ်ပြန်ဆင်းတယ်တဲ့..ဒီကောင့်ကိုအရေးမပါသလိုလုပ်နေတာ။

ကားကို နန်းတော်companyဘက်သွားသည့်လမ်းကြောင်းပေါ်ဆွဲကွေ့ပစ်လိုက်သည်။ အိမ်သားကိုသွားတွေ့ရမှာ သူ့တာ၀န်မဟုတ်လား..ဟိုကရှက်နေတာပဲနေမည်။ ခရီးကပြန်လာတာတောင် ကိုယ့်ကို မျက်လုံးချင်းဆုံအောင်သိပ်မကြည့်...။ မသိရင် သူယူရမယ့် ယောကျာ်းက သရဲလိုလို ဘီလူးလိုလိုနဲ့..။

Companyထဲကိုရောက်တာနဲ့ ကားပါကင်မှာကားထိုးရပ်ပစ်လိုက်ကာ ရွှေရောင်စာလုံးတွေနဲ့ထုခတ်ထားသည့် နန်းတော်ဆိုသည့် ကုမ္ဗဏီကြီးက ထည်ထည်၀င့်၀င့်။ Companyထဲရောက်တာနဲ့ ဧည့်ကြိုကောင်မလေးတွေစီသွားကာ ..

"သွေးကြောနန်းတော်ကိုတွေ့ချင်လို့"

"ရှင်!"

"မင်းတို့ရဲ့ General manager "

"အော်ဟုတ်ကဲ့ ခဏလေးပါနော် ဖုန်းဆက်ခေါ်ပေးမယ်ရှင့်"

ဖုန်းကိုကိုင်ကာ ဘာတွေပြောနေလဲမသိ..

"ဘယ်သူလို့ပြောပေးရမလဲရှင်"

"မကြာခင်တော်ရတော့မယ့် ယောကျာ်းလို့"

"ရှင်!!!"

သွေးကြောနန်းတော်ရယ် နန်းတော်companyရယ်က လူတွေအဲ့လောက်အရစ်ရှည်မှန်းခုမှသိတယ်။ ဟိုတယောက်ကလည်း လာတွေ့ဆိုတွေ့လိုက်ပေါ့ ဘယ်သူလဲဘာညာကလျှာရှည်ပီးမေးနေသေးတယ်။ လာတွေ့ရင် သိရမှာပဲ...အဲ့တာတွေစိတ်ကိုမရှည်တာ။

ALLURE (မောင့်ရဲ့ညို့ဓာတ်) (COMPLETED)Where stories live. Discover now