သူက သက်ပြင်းတစ်ချက်ချကာ ကျွန်တော့်နဖူးပေါ်မှာ တစ်ဝက်တစ်ပျက် လွင့်ပျံ့နေတဲ့ဆံခြည်မျှင်တွေကို စိတ်ရှည်လက်ရှည်သပ်တင်ပေးသည်။ နက်​မှောင်နေသော သူ့ မျက်ဝန်းများက ဆွေးသယောင်ရှိသော်လည်း တကယ်တမ်းကျတော့ တစ်ဖက်သူကို အသက်ရှုမှားလောက်သည်အထိ ဆွဲဆောင် အားပြင်းလွန်းသည်။

"လာ...ဒီအနားတိုးခဲ့"

သူ့နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ကွေးသွားသည်။ ပြီးတော့ ကျွန်တော့်မျက်နှာရှေ့သို့ ခပ်ဖြေးဖြေး တိုးကပ်လာပြီး ကျွန်တော်ပြောမည့်စကားများအတွက် နားထောင်ပေးဖို့ အဆင်သင့်အနေအထားဖြင့်။

ကျွန်တော့်နှုတ်ခမ်းအစုံက သူ့နား,နားသို့ တိုးကပ်သွားပြီးမှ သူ့ မျက်နှာ ချောချောရှိရာသို့ ဦးတည်ချက်ပြောင်းလိုက်သည်။ ထို့နောက် မှည့်နက်ကလေးရှိရာ အောက်နှုတ်ခမ်းပါးဆီ နစ်ဝင်သွားအောင် ဖိကပ်လိုက်ရင်း..

"ချစ်တယ် ဂျွန်ဂျောင်ကု"

စိတ်ကောက်ပြေခြင်း အထိမ်းအမှတ် အနမ်းတစ်ပွင့်က ထူးခြားစွာပင် အချိုမြိန်ဆုံး။

စိတ်ထဲက အဖုအထစ်တွေအားလုံးပြေစေ။

~~~~~~~~~~~~ // ~~~~~~~~~~~~

အရင်က အိမ်အနောက်ဖက်မှာပဲ ရောင်စုံနှင်းဆီပန်းခင်းရှိသည်။ အခုတော့ အိမ်အရှေ့ဖက်မှာပါ Hibiscus ပင်လေးတွေကို ပန်းအိုးလေးတွေနဲ့စိုက်ထားသည်။ သားနှစ်ယောက်လုံး မရှိတော့သည့်နောက်မှာ မေမေသည် ကျွန်တော်နဲ့ ဂျောင်ကုအစား ပန်းပင်ကလေးတွေနဲ့ပဲ အဖော်ပြုနေခဲ့ဟန်တူသည်။ ကျွန်တော်အိမ်ကို ခဏခဏပြန်ချင်တာ အဲ့ဒါ‌ေတွ‌ကြောင့်လည်းပါသည်။ ပါးစပ်ကသာ ထုတ်မပြောပေမယ့် မေမေလည်း ကျွန်တော့်တို့ကို မျှော်နေမှာ အတိအကျပင်။အလုပ်အားရင် အားသလို မေမေ့တို့ဆီ ခဏခဏလာရမည်ဟု ထိုခဏအတွင်းမှာပင် ကျွန်တော့် ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့သည်။

Hibiscus ပင်တွေမှာ ပန်းရောင် အဖူးအငုံလေးတွေ စီရီလျက်။ မကြာခင် အပွင့်လှလှကလေးတွေ ပွင့်ကြတော့မည်။ ရေပိုက်ခေါင်းကို ခဏချထားရင်း နဖူးပေါ်က ချွေးစ,တွေကို ကျွန်တော်တစ်ချက်နှစ်ချက်တို့လိုက်သည်။ အပြာရောင် ကောင်းကင်ပြင်တွင် အဖြူရောင် တိမ်မျှင်စတစ်ချို့က လေနှင်ရာသို့ ေမျာလွင့်နေကြ၏။ ရာသီဥတု အတော်သာယာသည်ဟုပြောရမည်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now