~ 14 ~

8.5K 737 448
                                    

Unicode
_________

ဂျွန်ဂျောင်ကုကတော့ ဂျွန်ဂျောင်ကုပါပင်။ သူ့ ရည်မှန်းချက်ကို ဖွင့်ပြောတုန်းကဆို ကျွန်တော်အပါအဝင် ဖေဖေရော မေမေရောပါ အံ့အားသင့်ခဲ့ရသည်။ ငယ်ငယ်ကတည်းက သိပ်လူကြီးဆန်ချင်သော သူက ဖေဖေ့လိုပင် အောင်မြင်ကျော်ကြားတဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ချင်သတဲ့လေ။ အထက်တန်း ကျောင်းသားဘဝတုန်းက ကုမ္ပဏီကို ခေါ်တာတောင် အလျဥ်းခြေဦးမလှည့်တဲ့သူ၊ မှတ်မှတ်ရရ ကျွန်တော်နဲ့ တစ်ခေါက်လားပဲ ကုမ္ပဏီကို ရောက်ဖူးတာ။

တက္ကသိုလ်ကလည်း ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ် ၁၀ခုထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Sungkyunkwan University မှာ ဝင်ခွင့်ရအောင်ကြိုးစားမည်တဲ့။ Business Management ဘာသာရပ်တွေမှာ နာမည်ကြီးတဲ့ တက္ကသိုလ်ဖြစ်တာကြောင့် ဖေဖေရော မေမေရော သူ့ဆန္ဒကို သဘောတူခဲ့သည်။ ။ သူ စိတ်အားထက်သန်နေလျှင် မည်သည့်အရာကမှ မတားဆီးနိုင်။ မဖြစ်ဖြစ်အောင် လုပ်တတ်သော သူ့အကျင့်ကြောင့် သူ့ရည်မှန်းချက်အတိုင်း ဖြစ်လာလိမ့်မည်ဟု ကျွန်တော်ယုံကြည်နေမိသည်။

ယခုရက်ပိုင်း ထိုဝင်ခွင့် စာမေးပွဲအတွက် သူက အခန်းပြင်တောင် သိပ်မထွက်။ အချိန်မှန်စား၊ အချိန်မှန်တော့ အိပ်သည်။ ဘာပဲဖြစ်ဖြစ် ဒီရွေးချယ်မှုက သူ့အတွက်အရေးကြီးသည်ဟု  ကျွန်တော် မှတ်ယူထားသောကြောင့် အလိုက်သိစွာ
ဖြင့်ပင် သူနဲ့ ဒီရက်ပိုင်း မျက်နှာချင်း မဆိုင်မိအောင် ရှောင်နေလိုက်သည်။

ကျွန်တော့်ဘက်က တမင်ရှောင်မှန်းသိနေတာတောင် ဇွတ်တရွတ် ေရှ့ဆက်တိုးမလာဘဲ သူကလည်း ခပ်စိမ်းစိမ်းသာ ဆက်ဆံသည်။ မနက်ကဆို ထမင်းစားခန်းထဲမှာ မျက်နှာချင်းဆိုင် တွေ့တာတောင် ကျွန်တော့်ကို တစ်ချက်မှ ကြည့်မသွား။ အရင်လို လူကြီးတွေ အလစ်မှာ ခိုးတွေ့ဖို့၊ စကားပြောဖို့ကို သူ့ဘက်က အချိန်မပေးနိုင်တော့ဘူး ထင်သည်။ အချိန်တန်တော့လည်း သူ့ရည်မှန်းချက်တွေနဲ့ ကျွန်တော်နဲ့ယှဥ်လာရင် သူ, ကျွန်တော့်ကိုပစ်ထားခဲ့မှာဖြစ်ကြောင်း ကျွန်တော် သဘောပေါက်စပြုလာသည်။

"သားရေ..မင်းညီလေးကို အိပ်ချင်ပြေ လိမ္မော်သီးစိတ်လေးတွေ သွားပေးလိုက်ပါဦး"

HYUNG?  NOT.... || JINKOOK ✔︎Место, где живут истории. Откройте их для себя