Extra - 2

6.6K 574 441
                                    

Unicode
_________

"ကိုကိုတို့နှစ်ယောက်က ဘာလုပ်နေကြတာလဲဟင်"

"ဟဲ့...ဪ.."

မေမေ့ရဲ့ အလောတကြီးနိုင်လှတဲ့ အာမေဍိတ်သံ နောက်ကနေ ထပ်ကြပ်မကွာ ထွက်ပေါ်လာသည်။ ရုတ်တရက်မို့ ကျွန်တော်လည်း ဘာမှမစဥ်းစားနိုင်​
​ေ​တာ့ဘဲ ဂျောင်ကု ရင်ဘတ်ကိုသာ တွန်းထုတ်လိုက်မိသည်။ ပုံပျက်ပန်းပျက်ဖြစ်သွားသော အနေအထားကို အချိန်မှီထိန်းလိုက်နိုင်ပေမယ့် သူကတော့ မအီမလည်ဖြစ်ကာ ကျွန်တော့်ကို တစ်ချက်ရှုတည်တည် ကြည့်ပြီး နောက်ဆုတ်သွား၏။ သူ့ပုံစံက ပါးစပ်ထဲ ရောက်ခါနီးမုန့်ကို အလုခံရလိုက်သည့်ကလေးတစ်ယောက်နှယ်။

မေမေ့ရှေ့မှာ ရပ်နေတာက အသက်၅ နှစ်အရွယ် ကလေးလေးတစ်ယောက်။ နဖူးအလယ်အထိ တစ်ညီတစ်ညာတည်း ညှပ်ထားသော ဆံပင်အုပ်အုပ်လုံးလုံးကလေး တဝဲဝဲနှင့်။ နေပါဦး..သည်ကလေးကို ကျွန်တော်တစ်ခါမှ မတွေ့ဖူးဘူး။ ဘယ်က ကလေးလေးပါလိမ့်။

"လုပ်စရာရှိတာ ဆက်လုပ်လေ သား.."

"ဗျာ.."

မေမေ့စကားကြောင့် ကျွန်တော့် မျက်နှာတစ်ခုလုံးရေနွေးနွေးနဲ့ အပက်ခံလိုက်ရသလို နွေးကနဲ။

"ဟယ်...မ..မဟုတ်ဘူး။ ေမမေပြောတာက ချက်စရာရှိတာ ချက်ပြီးရင် နံနက်စာအတူစားရအောင်လို့"

မေမေက ပြောပြီးမှ သူ(မ) စကားမှားသွားမှန်း ရိပ်မိကာ အယောင်ယောင်အမှားမှားဖြင့် ပျာပျာသလဲဖြေရှင်းချက်ပေးသည်။ ကျွန်တော် ခေါင်းကိုသာ တွင်တွင် ညိတ်ပြလိုက်ကာ ဟင်းအိုးအဖုံးတွေဖုံး၊ ပန်းကန်းလုံးတွေစီရင်း အလုပ်ရှုပ်နေသလို ဟန်ဆောင်လိုက်သည်။

အခန်းပေါက်ဝကနေ မေမေထွက်သွားမှ သေချာတော့မှပဲ ကျွန်တော့်မှာ ဟင်းကနဲ သက်ပြင်းချနိုင်တော့၏။ တော်သေးတာပေါ့။ မေမေနဲ့ ပက်ပင်းမတိုးလို့။ ဒါတောင် တွေ့ဖြစ်အောင် တွေ့လိုက်သည်ထင်။ မျက်နှာပူလွန်းလို့ ရူးချင်တာပါပဲ။

"ဘာကြည့်နေတာလဲ။ အဲ့ဒါ မင်းကြောင့်..."

မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသူကို လက်ထဲက ပန်းကန်နဲ့ ပေါက်ဖို့ ရွယ်တော့ သူက မရှောင်သည့်အပြင် အရှေ့ကိုခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာပြီး ကျွန်တော့်လက်ထဲက ပန်းကန်လုံးကို အသာအယာယူရင်း ေနရာတကျပြန်စီသည်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now