"ဒီမှာတွေ့လား ပန်းကန်က အနားစွန်းတွေမှာ အတွန့်တွေနဲ့ ကိုယ့်ကို မထိဘဲ ခင်ဗျားလက်ကလေးကိုပဲ ရှသွားလိမ့်မယ်"

"အိမ်က ဘာစားလာသေးလဲ"

"ဘာမှ စားမလာဘူး"

ေဘာက်ဆတ်ဆတ်အသံကို ခန်းမှန်းကြည့်ခြင်းအားဖြင့် သူ့မျက်ခုံးတန်းတွေလည်း တွန့်ချိုးနေမှာအသေအချာပင်။ ခုနက ကလေးလေးနဲ့ မေမေ့ကြောင့် အလိုမကျသွားတာပဲဖြစ်မှာ။

"အိမ်မှာ အကုန်လုံး အဆင်သင့်ရှိနေတာကို မစားဘဲနဲ့"

"အိပ်ရာနိုးတာနဲ့ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး တစ်ခါတည်း ထွက်လာခဲ့တာ။ ကိုယ့်မှာ မင်းလေးကို တွေ့ချင်လွန်းလို့ နံနက်စာ,စားဖို့တောင် သတိမရဘူး"

သူ အပြောကြောင့် ကြည်နူးသလိုလိုတော့ ဖြစ်မိသား။ ဘယ်သူ့မဆို ကိုယ်ချစ်တဲ့သူဆီက ဂရုစိုက်မှု၊ အလေးထားမှုကို ဦးဦးဖျားဖျား လိုချင်မိကြတာ ဓမ္မတာပဲ မဟုတ်လား။

မီးခလုတ်ကိုပိတ် လက်စသတ်လိုက်ရင်း ကျွန်တော်သူ့ကို မျက်နှာချင်းဆိုင် မကြည့်ဘဲ ခပ်တိုးတိုးမေးလိုက်သည်။

"ငါ့ကို အဲ့လောက်တောင် ချစ်တာပဲလား"

ရလေ လိုလေ အိုတစ္ဆေ ဆိုတဲ့ စကားက ကျွန်တော့်ကိုများ ရည်ညွှန်းခဲ့လေသလားတော့ မ​ပြောတတ်။ သူ့ဆီက နှုတ်ထွက်စကားလုံးတွေကို အတည်ပြုချင်သေးသည်။ သူနဲ့ လက်ထပ်ပြီးတာဖြင့် (၂) နှစ်ပြည့်တော့မည်။ ချစ်သူဘဝကလို ရင်ခုန်သံတွေက အခုထိလတ်ဆတ်နေတုန်း။

အကျီလက်ကို တံတောင်ဆစ်အထိ ခေါက်ထားလို့ သွေးကြောစိမ်းစိမ်းတွေ ပေါ်နေသည့်လက်တစ်ဖက်က ကျွန်တော့်မေးဖျားထက်ဆီ မချင့်မရဲရောက်လာသည်။ သူ့လက်ဖဝါးပြင်ကျယ်က ကျွန်တော့်မျက်နှာတစ်ခုလုံးကို အုပ်နိုင်လောက်သည်အထိ။ သူအရင်က ပြောဖူးသည်။ ကျွန်တော့်မျက်နှာက အချိုးညီညီနဲ့ အပိုအလိုမရှိ ထွင်းထုထားတဲ့ ပန်းပုရုပ်ထုလေးနဲ့ တူသည်တဲ့။

"မေးစရာ လိုသေးတာလား ဂျွန်ဆော့ဂျင်ရယ်။ ခင်ဗျားလေးကို ဘယ်လောက်ထိ ချစ်ကြောင်း ကိုယ်ဘယ်လို သက်သေပြရမှာလဲဟင်..ကိုယ့်ကိုပြောပါဦး"

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now