6-သံ​ယောဇဉ်တွေကို အဝေးမှာထားတတ်တဲ့ ထိုလူနာ

220 42 139
                                    

Unicode Version

ပုခုံးက တဆစ်ဆစ်နာကျင်မှု ဝေဒနာဖြင့် ခဲဂျီ နိုးလာခဲ့သည် ။ မျက်ခုံးတွေကို ကျုတ်ထားရင်း မျက်လုံးတွေကို မဖွင့်ခင်မှာဘဲ မနေ့ညက အဖြစ်အပျက်များအား ခေါင်းထဲမှာ စီကာစဉ်ကာဖြင့် အမှတ်ရလာခဲ့ပြီး အိပ်ယာပေါ်မှ ထမည်အပြု သူ့ခါးပေါ်မှာ ဖိတင်ထားသည့် လက်တစ်ဖက်ရှိနေသည်ကို သတိပြုမိလိုက်လေသည် ။ မီနိုရုမှာ သူ့ဘေးတွင် ဝင်အိပ်ရင်း လက်တစ်ဖက်က သူ့ကို လှမ်းဖက်ထားခဲ့တာဖြစ်၏ ။ ခဲဂျီမှာ ဤကဲ့သို့ သူ့ဘေးမှာ တစ်စုံတစ်ယောက်ရှိနေသည့် အနေအထားမျိုးနှင့် တစ်ခါမှ အိပ်ယာက နိုးမလာခဲ့ဖူးပေ ။ သူ့အတွက် ကြုံတွေ့နေရသည့် လက်ရှိအနေအထားမျိုးနှင့် ခံစားချက်တို့က အသစ်အဆန်းဖြစ်နေခဲ့သည် ။ သူ့ခါးပေါ်မှာ ယခုချိန်ထိရှိနေသေးသည့် မီနိုရုလက်ကို ဖယ်လိုက်ရမလား ? သူအိပ်ယာပေါ်က ဆင်းဖို့ ထိုလက်ကို ဖယ်ချမှကို ရမည် ။ သို့သော် သူဖယ်မပစ်ချင်ခဲ့ ။

ဘာဖြစ်လို့ပါလိမ့် ။

မီနိုရုနိုးသွားမှာ စိုးရိမ်သောကြောင့်များလား ။

အိပ်ပျော်နေသည့် ဆရာဝန်၏ မျက်နှာဟာ သိပ်ကို အေးချမ်းလွန်းသည် ။ ဆရာဝန်၏ ပိတ်ကျနေသည့် မျက်ခွံအနားသတ်ပေါ်က မျက်တောင်လေးများဟာ တိုစိစိလေးများ ဖြစ်ပြီး သူ၏ နှာတံက ဖြောင့်စင်းပေါ်လွင်လွန်းသည် ။ ထို့နောက် သေသပ်လှစွာသော နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ပိတ်ထားသေး၏ ။

ခဲဂျီ ရုတ်တရက်ကြီး ရေငတ်လာခဲ့သည် ။

ထိုအချိန်မှာပင် ခါးပေါ်က လက်ဟာ အနည်းငယ် လှုပ်ရှားသွား၏ ။

သူနိုးလာတော့မယ် !!!

ခဲဂျီခေါင်းထဲမှာ အချက်ပေးခေါင်းလောင်သံနှယ် မြည်ဟည်းသွားပြီး ရုတ်တရက် ပြယာခတ်သွားမိသည် ။ သူပြန်လှဲအိပ်ပြီး အိပ်ချင်ယောင်ဆောင်နေရမလား ။ ဘာလို့လဲ ။ ဒါဖြင့် လက်ကိုပဲ မြန်မြန်ဖယ်ချလိုက်ရမလား ။ သူဘာကိုမှ မလုပ်ဆောင်ရသေးခင် မီနိုရုမျက်လုံးများက ပွင့်လာပေပြီ ။ ခဲဂျီမှာ နေရင်းထိုင်ရင်း တောင့်တင်းသွားမိ၏ ။

My Little MonsterWhere stories live. Discover now