5- နှလုံးသားမှာ တံဆိပ်ကပ်သွားသည့် ထိုလူနာ

350 67 128
                                    

Unicode Version

ကားပေါ်ရောက်သည်နှင့် မီနိုရုက ခဲဂျီ၏ အပေါ်ထပ်ကုတ်အင်္ကျီကို ဆွဲချွတ်ပစ်လိုက်သည် ။ ထို့နောက် သူ့အင်္ကျီအိတ်ကပ်ထဲမှ လက်ကိုင်ပဝါကို ဆွဲထုတ်လိုက်ပြီး ခဲဂျီ၏ ပုခုံးပေါ်က ဒဏ်ရာပေါ်ကို ဖိအုပ်ထားလိုက်ရင်း ကားမောင်းနေသည့် ဂျိုးဆက်ကို လှမ်းပြောလိုက်သည် ။

"ဂျိုးဆက် ဆေးရုံသွားဖို့လိုမယ် .. ဒါပေမယ့် ဆေးရုံမဖြစ်ဘူးဆိုရင် အရေးပေါ်ကုသလို့ရမယ့် တစ်နေရာသွားဖို့လိုတယ်"

"ဆဲန်းဆဲ ကျွန်တော် ဘာမှ မဖြစ်ပါဘူး အပေါ်ယံ.."

"အပေါ်ယံလို့ ပြောလို့ရမလား ဒီလောက်သွေးထွက်နေတာ သွေးကြောမကြီး တစ်ခုခုကို ထိသွားရင် ဘယ်လိုလုပ်မလဲ"

မီနိုရုမှာ သွေးတိတ်စေရန် ခဲဂျီ၏ ပုခုံးက ဒဏ်ရာပေါ်ကို လက်ကိုင်ပဝါနှင့် ဖိအုပ်ပေးထားသည်မို့ အနေအထားက ခဲဂျီကို အုံ့မိုး သိုင်းဖက်ထားသည့်နှယ် ။ စိုးရိမ် စိတ်ပူနေဟန်ရှိသည့် ဆရာဝန်လေး၏ အသက်ရှုသံတွေက ခပ်ပြင်းပြင်းဖြစ်နေခဲ့လေသည် ။ ခဲဂျီ၏ တရိပ်ရိပ်တက်နေခဲ့သော ဆာကေးအရှိန်နှင့် တလိပ်လိပ် ထွက်နေသည့် ဒေါသအရှိန်တွေဟာ ဘယ်ဆီဘယ်ဝယ်ကို ဘယ်ပုံဘယ်နည်းနှင့် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့မှန်း မသိလိုက်ချေ ။ ရှူးရှူးရှားရှား ခဲဂျီမရှိတော့ ။ အေးဆေးတည်ငြိမ်သည့် ခဲဂျီ အစားထိုးဝင်ရောက်လာလေပြီ ။

"ဆဲန်းဆဲ ကျွန်တော် တကယ် .."

"..."

မီနိုရုမှာ ခဲဂျီစကားကို နားထောင်နေဟန်မတူ ။ သူက ခဲဂျီလက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး သွေးခုန်နှုန်းစမ်းနေခဲ့သည် ။

" အင်း သွေးခုန်နှုန်းကတော့ ပုံမှန်ပဲ တော်သေးတယ် .."

နောက်တော့ ခဲဂျီမျက်နှာ ဖြူဖျော့နေသလား စစ်ဆေးသလိုနှင့် သေသေချာချာကြည့်နေပြန်သည် ။ နီးကပ်လွန်းသည့် အနေအထားကြောင့် ခဲဂျီမျက်နှာက နွေးကနဲ ပူလာရ၏ ။

"မင်း အဖျားဝင်တာလား?"

ရုတ်တရက်ဆိုသလို နှဖူးပေါ်ရောက်လာခဲ့သည့် လက်တစ်ဖက် ။ အဲဒီ လက်ဖဝါးတစ်ဖက်ဟာ သူလိုကိုယ်လို ယောကျာ်းလေးတစ်ယောက်၏ လက်ဖဝါး တစ်ဖက် ဖြစ်ပေမယ့် အထိအတွေ့မှာ ခဲဂျီနှလုံးသားက စည်းချက်လွဲသွားခဲ့သည် ။

My Little MonsterWhere stories live. Discover now