Imagined to be HURT

81 15 16
                                    

Unicode

"အီဟီဆွန်း ဂရုစိုက်သွား၊ဂရုစိုက်ပြန်နော်"

ရှုပ်ရှားလျှက်ရှိသော လေယာဉ်ကွင်းတစ်ခု။ အချို့က ငိုကြ၊အချို့ကရယ်ကြ၊အချို့ကဖတ်ကြနဲ့။ဆူဆူညံညံနဲ့ဆိုင်ခန်းအချို့မှ သီချင်းသံတို့ကလဲ လွှင့်ပျံနေသည်။

ဂျောင်ဝန်းကတော့ မျက်ရည်ဝဲပြရုံသာတက်နိုင်သည်။ငိုဖို့လောက်အထိမျက်ရည်ကျရတဲ့ ခွဲခွါမှု့မျိုးမှမဟုတ်တာ။အလုပ်ကိစ္စကြောင့် ခဏတာခွဲခွါခြင်းပဲ။

"အင်းပါကွာ မျက်ရည်တွေဝဲမနေနဲ့လေ"

လက်ချောင်းရှည်ရှည်သွယ်သွယ်တို့နှင့် မျက်နှာကို ဖြစ်ညစ်နေသည်။ပါးဖောင်းဖောင်းလေးကို အိကနဲညှစ်လိုက်တော့ ထွက်လာသည့်နှုတ်ခမ်းချွန်ချွန်လေး။

"ချစ်စရာလေးပဲ ကဲကိုယ်သွားတော့မယ်"

"အင်း.."

ထပ်မကျလာတော့တဲ့ မျက်ရည်အချို့ဟာ ဂျောင်ဝန်းစိတ်တွင်းထဲ အီဟီဆွန်းမကြိုက်လို့ဟူသည့် အတွေးမျှင်စစကြောင့်ဖြစ်သည်။

တစ်ပြိုင်နက်ထဲ ကျောပေးသွားခဲ့တဲ့ လူနှစ်ယောက်...။ တစ်ချက်တစ်ချက်လှည့်ကြည့်မိတော့ အထုပ်တစ်ထုပ်ဆွဲပြီး စတိုင်ကျကျ လျှောက်သွားတဲ့ အီဟီဆွန်းရဲ့ နွေးထွေးတဲ့ ကျောပြင်လေး...။

ပိုင်ဆိုင်ရတော့မယ်ထင်ပါရဲ့။

ရမ္မ စိတ်တွေဟာတဖြည်းဖြည်းများလာခဲ့တယ်။အချစ်ဦးမို့ ရူးတဲ့စကားဟာ မှန်တယ်ထင်တယ်။
မြင်လိုက်ရတဲ့ကျောပြင်လေးက ခန္ဒာကိုယ်ရဲ့ အချက်အခြာ တစ်ခုဖြစ်တဲ့ နှလုံးသားလေးကို ဗြောင်းပြန်ခုန်စေသည်။

Day 1
အီဟီဆွန်းမရှိတဲ့ မနက်ကိုသူမထချင် ပဲရစ်ရဲ့ ဆောင်းဦးက အီဟီဆွန်းရှိမှ လှမှာ။Eiffel ရယ်၊အီသန်ရယ်၊ပဲရစ်ရယ် ရာသီဥတုအခု ဆောင်းဦးရယ်။ အလိုက်ဖတ်ဆုံးထင်တယ်။

အပေါ်မှ ဆေးကွာကျချင်နေတဲ့ နံရံကိုသူကြည့်နေမိသည်။

"မထချင်ဘူးးးး လို့"

အသံကိုခပ်မြင့်မြင့် တင်ပြောလိုက်ပြီး အိပ်ရယ်ထဲမှာ တီကောင်ဆားပတ်သလို လူးလှိမ့်နေမိသည်။

EIFFEL Where stories live. Discover now