Fulfilling wish

98 15 3
                                    

Unicode

နေရောင်ခြည်ဖျဖျက ပြတင်းပေါက်အကျယ်မှတစ်ဆင့် ကာကီရောင်လိုက်ကာကိုကျော်ကာ စူးစူးရှရှ မျက်နှာပေါ်သို့ကျရလာခဲ့သည်။ငှက်ငယ်တို့၏တကျီကျီအသံကပုံမှန်ဆိုနားထောင်းမဆိုးပေမဲ့ အိပ်ပျော်နေသည့်အချိန်ရုတ်တရပ်ကြားရသည်မို့မုန်းချင်စရာကောင်းသည်။ဘေးဘီကိုကြည့်ကြည့်တော့ ဂျောင်ဝန်းက သူနှင့်မျက်နှာချင်းဆိုင်မှာအိပ်ပျော်နေစဲပင်။ဘေးစားပွဲပေါ်မှာတင်ထားတဲ့နာရီကိုကြည့်မိတော့အချိန်အားဖြင့် မနက် ၆နာရီ။စောသေးသော်လည်း သူလုပ်စရာရှိတာတွေလုပ်၊စီစဉ်စရာရှိတာတွေစီစဉ်ရဦးမှာမို့ မပျင်းမရိထမိသည်။အခန်းထဲကမထွက်ခင်ဂျောင်ဝန်းနားတစ်ချက်သွားကာ ဂျောင်ဝန်းအခြေအနေကိုကြည့်မိသည်။

"ကောင်းကောင်းအိပ်ပျော်နေတာပဲ"

အီသန်လဲ ဂျောင်ဝန်းနိုးလာရင်စားဖို့ ပေါင်မုန့်ပြင်ဆင်ပေးပြီး ကားသွားယူတော့သည်။

ပြတင်းပေါက်နေရောင်ခြည်နှင့် အိပ်နေသည့်နေရာကအနဲငယ်အလှမ်းဝေးသည်ဟုခံစားရသည်မို့ ဂျောင်ဝန်းကျောပေးထားသည့် ပြတင်းပေါက်ဘက်လှမ်းကြညါ့လိုက်တော့ သေသေသပ်သပ်ဖြစ်နေသည့် သူ၏မွေ့ရာ....။

"ပြန်သွားပြီပဲ"

အရင်ကဆိုဂျောင်ဝန်းက အီသန်ပြန်သွားပြီဆိုပေါ့ပါးသွားပေမဲ့ ဒီနေ့တော့သူအနဲငယ် လေးပင်နေသလိုပင်။သ်ု့ပေမဲ့အိမ်ဧည့်ခန်းများမှာပဲရှိနေမလားဆိုသည့်မျှော်လင့်ချက်စိတ်ကဇိုးဖပ်စွာဝင်ရောက်လာခဲ့သည်မို့ ကုတင်ပေါ်ကနေအပြေးဆင်းမိသည်။ခြေထောက် စောင်နှင့်လုံးပတ်နေသောကြောင့် ကြမ်းပြင်နှင့်ခေါင်းကတစ်ထပ်သား ဂေါက်ခနဲ။

"အား...သေပါပြီ ရုပ်ဆိုးကြီးအီဟီဆွန်းခများလုပ်လို့ဖြစ်တာ"

အရှိန်အနဲငယ်ပါစွာပြုတ်ကျသွားတာဖြစ်တာမို့ စိတ်ပါပါပြောလိုက်သည်မဟုတ်ဘဲ ရှောက်အော်လိုက်ခြင်းဖြစ်သည်။သူခြေထောက်ကိုစောင်ထဲမှပြန်ထုပ်ပြီး လေးဘက်ကုန်းထရန်အလုပ်ကမ်းပေးလာသောလက်ချောင်းသွယ်သွယ်။ဂျောင်ဝန်းအနဲငယ်ကြောင်မိသွားသည်။စိတ်ထဲကလဲကိုယ့်ကိုယ်ကို ရိုက်သက်ချင်လောက်အောင်ဖြစ်သွားခဲ့သည်။စောနကသူပြောနေတာကိုသာ အီသန်ကြားသွားလျှင်...။

EIFFEL Where stories live. Discover now