ဖြစ်ခဲ့ပြီးသောအခြေအနေအချို့ကိုမျက်ကွယ်ပြုကြရင်း ပဲရစ် ကိုပြန်ရောက်တာတောင် ၁ ပတ်လောက်ရှိရောပေါ့။စကော်လာရှစ်ကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းတော့တက်ပြပြီး စာလုပ်ပြရဦးမည်ဖြစ်သည်။
ပျင်းရိရိမဖြစ်နေပေမဲ့ အချစ်စွမ်းအားကြောင့် ချစ်ရသူဘေးမှမဖဝါးတောင်မသွားချင်။နေရောင်ခြည်ဘယ်လောက်ပဲဆူးနေပါစေ..။ဘေးနားကဟောက်သံလေးကိုမသိမသာ နားထောင်ချင်သေးသည်မို့နေရှိရာဘက်ကိုဆက်ပြီးမျက်နှာမူရင်း ဆောင်ကိုဖတ်ကာ ကွေးနေမိသည်။
"ကျောင်းသွားရမယ်...ထတော့"
ရုတ်တရပ်ဟောက်သံလေးဟာ ရပ်သွားပြီး သူ့အားသတိပေးစက်အဖြစ်ပြောင်းသွားပြန်သည်။
"ကျွန်တော်က ကျောင်းသွားရမှာမှန်ပေမဲ့ အီဟီဆွန်းရဲ့ အလုပ်သမားမို့ အလုပ်ပဲလုပ်ပါမယ်!"
ကျောဆက်ခိုင်းထားပြီး အီသန်ပြောသည့် အိပ်ချင်မူးတူး အသံဖြင့်တစ်သံထဲဖြစ်အောင်တုန့်ပြန်လိုက်သည်။အသဲ့သဲ့တော့ခိုးရီရသည်ပေါ့။
တစ်ဘက်ကကျေနပ်သည် မကျေနပ်သည်ကိုတော့သူမသိချင်တော့..။
"၁ ၂ ၃ လို့ကိုယ်ရေမယ်... အဲ့အတွင်းထရင် ညနေကျောင်းပြန်တာနဲ့ Eiffel ပေါ်လိုက်ပို့ပေးမယ်!"
အီသန်အမိန့်သံမာန်ပါပါနှင့်ပြောလိုက်သည်။တစ်ဘက်က ကလေးကတော့ဘာတုန့်ပြန်မှုမှမလာပေ။ထိုတော့ ၁ ၂ ၃ ရေတွက်ရန်ပြင်ရသည်ပေါ့။
"၁"
"....."
"၂..."
"ထပြီ ထပြီ ဒါမဲ့ယောကျာ်းစကားအတိုင်း ညနေကြရင်တော့ Eiffel ကိုလိုက်ပို့ရမယ် အီဟီဆွန်း!"
၂ ရေဖို့ပြင်ထဲက အိပ်ရာပေါကထလာတာမြင်ပေမဲ့ နှုတ်ခမ်းထော်ခါးထောက်ပြီး ရန်တွေ့တဲ့မျက်ဝန်းတွေနဲ့သူ့ကိုအဲ့လိုပြောမယ်တော့သူမထင်ထားဘူးလေ။ အိပ်ရာနိုးနိုးခြင်းဖြစ်တော့ ရှုပ်ပွနေတဲ့ဆံပင်လေးနဲ့ သန်းထားလို့ တစ်စို့နေတဲ့မျက်ရည်စလေးတွေကလဲ တကယ့်ချစ်စရာအာပေတူးလေးဆိုတာပိုသိသာစသည်။
"ဟုတ်ပါပြီ ကိုယ်လိုက်ပို့မှာပါ ဒီနေ့ meeting ရှိလို့ ကိုယ်လိုက်မပို့နိုင်ဘူးနော်"
YOU ARE READING
EIFFEL
FanfictionWe met some where in Paris.We made lots of memories but now we have to end in Paris.All the thing we did are meaningful and adorable. Start: nov 17 .21 End: Dec 13 22 Total plot:16 Cover drawing by @heeacequ [uni & Zawgyi]