Chapter (119) - ဝမ်းနည်းမှုများ......

Start from the beginning
                                    

"မငိုပါနဲ့"

မင်းသားဝူကျန့်က ရူရိပခုံးတစ်ဝိုက်မှာ သူ့လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ရူရိခေါင်းပေါ် သူ့နှုတ်ခမ်းတွေကို ဖိကာ နမ်းလိုက်သည်။

"ကြည့်စမ်းပါဦးကွယ်.....ကိုယ်တို့ရဲ့သားလေးက မင်းရဲ့ ဝမ်းနည်းမှုကို ခံစားနိုင်တယ်"

မင်းသားလေးရဲ့စကားအတိုင်း ကလေးက စတင်ငိုကြွေးလာတော့သည်။

"တောင်းပန်ပါတယ်ကွယ်....." ငိုနေတဲ့ ကလေးငယ်ကို အိပ်ပျော်သွားတဲ့အထိ ရူရိက မြန်မြန်လှုပ်ကာ ချော့သိပ်လိုက်သည်။

သားလေးရဲ့ မီးခိုးရောင်မျက်လုံးတွေ မှိတ်သွားသည်ကို ကြည့်ရင်း ရူရိရဲ့ နှလုံးသားက နာကျင်စွာ ခံစားလာရသည်။

"ဒါတွေအားလုံးက ကိုယ့်ရဲ့ အပြစ်ပါ"

ဝူကျန့်ရဲ့ စကားကြောင့် ရူရိက လန့်ဖျပ်သွားပြီး ကလေးကို အပြစ်ရှိစွာ ကြည့်နေသည့် မင်းသားကို ရူရိ မော့ကြည့်လိုက်သည်။ ဝူကျန့်က အေးစက်စက်ကလေးရဲ့ပါးပြင်ကို တိတ်တိတ်လေး ထိလိုက်သည်။

"ကိုယ် မင်းကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်..."

မင်းသားက သူမနဲ့ စကားပြောနေတာလား ဒါမှမဟုတ် ကလေးကိုပြောနေသလာဆိုတာ ရူရိ သေချာမသိတော့ပေ။

"ရူရိ.....ကိုယ့်ကို မုန်းလား?"

သူ့မျက်လုံးတွေက ကလေးဆီကနေ သူမကို ကြည့်ကာ မေးလိုက်သည်။

ဝူကျန့်က သူမကို ဘာလို့အဲ့လိုမေးတာလဲ။ ရူရိက သူ့ကို ဘာလို့မုန်းရမှာလဲ။

"ကျန့် "

ရူရိက သူမ မျက်နှာကို သူ့ရင်ဘတ်ကို ပြန်မြှုပ်ထားလိုက်ပြီး သူမလက်နှစ်ဖက်ကို သိုင်းဖက်ကာ ကလေးကို အနီးကပ် ပွေ့ဖက်လိုက်သည်။

"ရူရိ က ကျန့် ကို ဘယ်တော့မှ မမုန်းနိုင်ဘူး..."

"ရူရိ ..." သူက ရူရိဆံပင်တွေကို နမ်းကာ တိုးတိုးလေးပြောလိုက်သည်။ "မင်း ကိုယ်နဲ့ တစ်သက်လုံး အတူတူ နေမှာလား?"

(Completed) ရူရိ/႐ူရိ (MM translation)Where stories live. Discover now