Chapter (67) - သူမရဲ့နောက်ခံအခြေနေ

6K 640 6
                                    

Chapter (67)  - သူမရဲ့နောက်ခံအခြေနေ



"အရှင်..အရှင်မင်းကြီး...တင်းတင်းကို ကျန့်ကောက စိတ်ဆိုးသွားခဲ့ပြီ  "


တင်းတင်းက  ဝမ်းနည်းစွာ ငိုကြွေးရင်း ပြောလိုက်သည်။  

"အရှင်မင်းကြီး.... အရှင်က ဘာကြောင့် ကျန့်ကို ဘာမှ ဝင်မပြောရတာလဲ.....  "


ဧကရီက ဧကရာဇ်ကို မျက်မှောင်ကြုတ်ကြည့်ကာ ပြောလိုက်သည်။

 

"မိဖုရားခေါင်ကြီး....မင်းလည်း ကျန့်ရဲ့ စိတ်နေစိတ်ထားကို သိလျက်နဲ့ ဘာကြောင့် သူ့ကို ခုလို သွားစမ်းသပ်ရတာလဲ...."



ဧကရာဇ် ဟွေ့ကျုံးက သက်ပြင်းချကာ ဧကရီကို ပြောလိုက်သည်။  

"ကျွန်မ...က သူ့အဖွားတော်ပါ။ သူ့ဝမ်ဖေးအတွက် ကျွန်မကို ခုလို အေးစက်စက် ပြောဖို့ လိုလို့လား။ အဖွားဖြစ်တဲ့ ကျွန်မက သူ့အတွက် အရေးမပါတော့ဘူးတဲ့လား  ?"
 

ဧကရီဝမ်ချန့်က ထိုမိန်းကလေးအပေါ် သူမရဲ့မြေးရဲ့ ဖူးဖူးမှုတ်ချစ်ခင်ခြင်းအပေါ်   မနာလိုစိတ်ကို ဖုံးကွယ်မထားနိုင်တော့ပေ။  

"ဧကရီမယ်တော်....မယ်တော်က မနာလိုဖြစ်နေတာလား"

အိမ်ရှေ့မင်းသားက ရယ်မောကာ မယ်တော်ကို ပြောလိုက်သည်။  

ဧကရီက သူ့သားကို စိုက်ကြည့်တဲ့အခါ သူက ပိုလို့ပင် ရယ်မောခဲ့သည်။

 

"ကျန့်အတွက် အကောင်းဆုံးကိုပဲ လိုချင်တာပါ"  

ဧကရီသည် သူမ၏ အချစ်ဆုံးမြေးဖြစ်သူ ထွက်ခွာ ပျောက်ကွယ်သွားသည့် လမ်းဘက်ကို ကြည့်လိုက်စဉ်တွင်ပင် တွေးရင်း ပိုစိတ်ဆိုးလာခဲ့ သည်။

"အဲဒီမိန်းမက သူ့ကို လုံးလုံး လှည့်စားပြီးပြုစား ခဲ့တာပဲ"  

"အိုး? မိဖုရားခေါင်ကြီးက သူမအကြောင်း ဘာကို သိထားလို့လဲ......"


 ဧကရာဇ် ဟွေ့ကျုံး က ရွှင်မြူးစွာဖြင့် မေးလိုက်သည်။  

ဧကရာဇ်ဟွေ့ကျုံးသည် ရူရိ ကို ဝူကျန့်က  သူ၏ ဝမ်ဖေးအဖြစ် ခေါ်ဆောင်သွားကတည်းက  ရူရိ ၏ နောက်ခံကို စုံစမ်းခဲ့လို့ အကုန်သိပြီးဖြစ်သည်။

 

"မာနထောင်လွှားတယ်၊ မာနကြီးပြီး သူ့အဖေလို စည်းစိမ်မက်မောတဲ့ မိန်းကလေးပဲ။ ဒါ့အပြင် သူမရဲ့ အမေက အဖိုးအရွယ်လောက် အသက်ကြီးကြီးလူရဲ့ အိပ်ယာထဲ တွယ်တက်ခဲ့တဲ့ အစေခံတစ်ယောက်ပဲ။ ဒီလို သူမရဲ့ နောက်ခံအခြေနေကြောင့် သူမက ကျန့်အတွက် လုံးဝ မသင့်တော်ဘူး"


ဧကရီဝမ်ချန့်က ပြတ်ပြတ်သားသား ဖော်ပြခဲ့သည်။  



အိမ်ရှေ့မင်းသားသည်  ထိုသတင်းအချက်အလက်များကြောင့် အံ့အားသင့်သွားပြီး သူ၏ ကြင်ယာတော် အိမ်ရှေ့မင်းသမီးကို အတည်ပြုရန်အတွက် တစ်ချက်ကြည့်လိုက်သည်။ သူမသည် မျက်မှောင်ကြုတ်ကာ ညင်သာစွာ ဖြေပေးခဲ့သည်။

"ကျန့်က သူမကို ဝမ်ဖေးအဖြစ် အိမ်တော်ကို ခေါ်ဆောင်လာပြီးကတည်းက ကျန်တဲ့ ကိုယ်လုပ်တော် အားလုံးကို စွန့်ပစ်ခဲ့တယ်။  "


ဧကရီ ဝမ်ချန့်က ဒေါသတကြီး ဆက်ပြောခဲ့သည်။

"ဒါဆို ရှင်းနေတာပဲ။ ဒီအမျိုးသမီးက ကျန့် ကို တစ်ကိုယ်ကောင်းဆန်ဆန် တစ်ယောက်တည်း အပိုင်စီးထားတယ်ဆိုတာ  ထင်ရှားတယ်။ ဒီအတိုင်းသာ ဆက်လုပ်နေရင် အဲဒီကြောက်စရာကောင်းတဲ့ မိန်းမကြောင့် ကျန့်က သူ့နိုင်ငံအတွက်  တာဝန်ကို မေ့သွားလိမ့်မယ်"  



"ဒါပဲလား..."

 ဧကရာဇ် ဟွေ့ကျုံးက  ဆက်လက်၍ပြုံးနေခဲ့သည်။  

"သူမကို ဝှက်ထားပြီး သူ့လူတွေကို ရတနာတစ်ခုကို စောင့်ရှောက်သလို စောင့်ရှောက်ခိုင်းထားတယ်။ ကျန့်က ကျွန်မ လွှတ်ထားတဲ့ လူတွေက သူမနားကို နီးနီးကပ်ကပ် ကပ်လိုက်မိလို့ သတ်ပစ်ခဲ့တယ်"

ဧကရီက ဧကရာဇ်ကို ဒေါသနဲ့ လှည့်ကြည့်ကာ ပြောခဲ့သည်။

 

ဧကရီဝမ်ချန့်သည် ဝူကျန့် မီလုံပြည်မှာ ရှိကတည်းက ဝူကျန့်၏အိမ်တော်တွင် သူမ ထည့်ထားသည့် လူယုံတော်တွေဖြစ်သည်။ ဝူကျန့်က သူမရဲ့  အဖိုးတန်မြေးဖြစ်သည်။ သူမသည် သူ့အိမ်တော် တစ်ခုလုံးကို လူယုံတွေ ထည့်ထားကာ  သူ့ဘေးကင်းရေးကို သေချာစေအောင် လုပ်ချင်ခဲ့ သည်။ ဧကရီက ကျန့်ရဲ့ ဝမ်ဖေး အိမ်တော်ထဲကို မဝင်လာခင်အထိ သူမမြေးအကြောင်းကို အပ်ကျသည်က အစ သိခဲ့သည်။ ဒါပေမယ့် ရူရိက ဝူကျန့်ရဲ့ အိမ်တော်ထဲကို ဝမ်ဖေးအဖြစ် ဝင်လာသည့် အချိန်မှစ၍ သူမ၏သတင်းပေးသူ အားလုံး တိတ်ဆိတ်သွားကြသည်။ အသတ်ခံရကြောင်း သိလိုက် ရသောအခါတွင် သူမကို အံ့အားသင့်စေခဲ့သည်။ အစကတော့ ဧကရီက စိတ်ဆိုးတာထက် ဘာကြောင့် ဝူကျန့်က သူမ လူယုံတော်တွေကို သတ်ပစ်ခဲ့သည်ကို   ပိုသိချင်နေခဲ့သည်။  

"ဝူကျန့်က ကျွန်မကို ဒီလိုမျိုး ဘယ်တော့မှ မဆက်ဆံ ခဲ့ဖူးဘူး"

ဧကရီ ဝမ်ချန့်က စိတ်ပျက်ပြီး စိတ်မကောင်းဖြစ် နေခဲ့သည်။

"အ...အဖွားတော် မိဖုရားခေါင်ကြီး...ကျန့်ကောက မိဖုရားကြီးကို ခုလို ပြောခဲ့တာက ဟိုမိန်းမကြောင့်ပါ။ အားလုံး အဲ့မိန်းမရဲ့အမှားပဲ။ သူမအတွက်သာ မဟုတ်ရင် ကျန့်ကောက ....အဖွားတော်ကို ခုလို ရက်စက်တဲ့ စကားလုံးတွေကို ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ဘူး...."


တင်းတင်း က မျက်ရည်တွေနဲ့ ပြောလိုက်တယ်။    



"ဟုတ်တယ်၊ အဲဒါ ကြောက်စရာကောင်းတဲ့ မိန်းမ ရဲ့ အမှားပဲ"

တင်းတင်း ၏ မိခင်က ဒေါသတကြီး ပြောလိုက်သည်။


"လက်ရှိ သူမက ပြုစားနေတဲ့အတွက် ကျန့်ကောက ခုလို ပြောမိတာပါ။ အဖွားတော်...ကျန့်ကောကို အပြစ်မတင်ရဘူးနော်"  

"ဧကရီ မယ်တော်...အခု ငါတို့ ဘာလုပ်သင့်လဲ"


အိမ်ရှေ့မင်းသားက စိုးရိမ်သောကဖြင့် ပြောလိုက်သည်။

"ငါတို့ ဘာလုပ်သင့်လဲ ဟုတ်လား? ဒီမိန်းမကို ငါတွေ့ချင်တယ်၊ ငါ့မြေးကို အသိတရားတွေ ဆုံးရှုံးစေတဲ့အတွက် သူဘယ်လောက် အရည်အချင်းရှိလဲဆိုတာ ငါမြင်ချင်တယ် "


ဧကရီ ဝမ်ချန့်က လှောင်ရယ်ရယ်ပြီး ပြောလိုက်သည်။


 

"အရှင်မင်းကြီး"

တင်းတင်းက ဆက်၍ငိုနေသည်။

"မငိုနဲ့ တော့ တင်းတင်း...အရှင်မင်းကြီးက  မင်းဘက်မှာ ရှိနေတယ်။ မင်းသားကျန့် က ဒီလိုမိန်းမမျိုးရဲ့ အပိုင်ဖမ်းထားတာကို ခံရမှာ မဟုတ်ဘူး "  

ဒါကိုကြားတော့ တင်းတင်းက အသက်ပြင်းပြင်းရှိုက်ပြီး သူ့အမေရဲ့ နှစ်သိမ့်ပေးမှုအောက်တွင်  မျက်ရည်တွေ ရပ်တန့် သွားသည် ။ အမျိုးသမီးများသည် မင်းသားကျန့်နှင့် ဝမ်ဖေး  အကြောင်းကို ဆက်လက် ငြင်းခုံနေကြသော်လည်း ဧကရာဇ်နှင့် အိမ်ရှေ့မင်းသား နှစ်ဦးစလုံးတဦးကို တဦးကြည့်ကာ သက်ပြင်းသာ ချလိုက်ကြသည်။


***-***

(Completed) ရူရိ/႐ူရိ (MM translation)Hikayelerin yaşadığı yer. Şimdi keşfedin