Chapter (48)_ အမတ်ကြီးလီ၏ သမီးချောများ

6.9K 626 3
                                    

Chapter (48)_ အမတ်ကြီးလီ၏ သမီးချောများ



အစေခံမလေးက လက်ဖက်နောက်တစ်ခွက်နှင့် ပြန်ရောက်လာပြီး မကြာခင် အမတ်ကြီး၏ ပင်မဧည့်ခန်းမထဲသို့ လှစွာ ဝတ်စားထားသည့် မိန်းကလေးတစ်ဖွဲ့က အလုအယက်တိုးဝှေ့ကာ ဝင်လာကြသည်။ သူမတို့က ရှေ့ကို ရောက်ချင်ဇောဖြင့် အတင်းတိုးနေသဖြင့် မိန်းကလေးနှစ်ယောက်က နယ်စားမင်းရှေ့အရောက် ခလုတ်တိုက်ကာ လဲကျသွားခဲ့သည်။ ထိုမိန်းကလေး နှစ်ယောက်က ရှက်ရှက်နှင့် တစ်ယောက်ကို တစ်ယောက် ရန်လုပ်ကာ ဆူညံနေကြသည်။

သူ့သမီးတွေရဲ့ လုပ်ရပ်ကြောင့် လီအမတ်ကြီးသည် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ခုံနောက်ကျောကို မှီချလိုက်ရတော့သည်။ အမတ်ကြီး၏ သားတစ်ယောက်က အမြင်မတော်လွန်းလို့ ညီမတွေကြား ရန်ဖြစ်နေတာကို ဝင်ဖြန်ဖြေလိုက်ရတော့သည်။ မဟုတ်လျှင် ဟိုင်ကျင်းနယ်စားမင်းရှေ့မှာ သူတို့ မိသားစုက အရှက်ကွဲပြီးရင်း ကွဲနေတော့မည်။

ဟိုင်ကျင်းနယ်စားမင်းက အစေခံမလေး ဆက်သသည့် လက်ဖက်ရည်ခွက်ကို ယူက ဇိမ်နှင့်သောက်ရင်း သူ့ရှေ့က မိန်းကလေး တစ်ဖွဲ့ရန်ဖြစ်နေသည်ကို ဖြော်ဖြေပွဲအလား ကြည့်နေသည်။ ထိုမိန်းကလေးများက လှပသည့် သူမတို့၏ ရင်သားကို ပေါ်လွင်စေမည့်အပြင် ခန္ဓာကိုယ်ကောက်ကြောင်းနှင့် ခြေတံသွယ်လျလျတို့ ပေါ်လွင်စေမည့် တန်ဖိုးကြီးပိုးထည်များကို ဝတ်ဆင်ထားကြသည်။ ထို့အပြင်တော်ဝင်အခမ်းအနားပွဲကြီးကို တက်ရောက်တော့မည့်ပုံနှင့် လက်ဝတ်ရတနာ အစုံကို အပြိုင်အဆိုင်ထုတ်ဝတ်ရင်း ဆံပင်များကိုလည်း သေချာ ထုံးဖွဲ့ထားကြသည်။

နယ်စားမင်းက ဒေါသထွက်နေသည့် မိန်းကလေးတစ်စုကို ကြည့်ကာ ကြိတ်ပြုံးလိုက်သည်။

"ရူရိလေး...မင်းရဲ့မိသားစုက စည်စည်ကားကားနဲ့ ပျော်စရာကြီးပါလား"

ကြင်နာသိမ်မွေ့သည့် နယ်စားမင်း၏ ခေါ်သံလေးထွက်လာပြီးနောက် ထိုမိန်းကလေးများ၏ ရန်ဖြစ်သံက လုံးဝကို တိတ်သွားခဲ့သည်။

(Completed) ရူရိ/႐ူရိ (MM translation)Where stories live. Discover now